Friday, November 27, 2015

ဖားကန့်မြို့နယ် မလန်းကျေးရွာရှိ ရွှေမှော်များမှ ရွှေလုပ်သားများအား ဆက်ကြေးပေးဆောင်ရန်နှင့် မပေးပါက KIA အတွင်း ၀င်ရောက်ရန် လာရောက်ခြိမ်းခြောက်


ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မလန်းကျေးရွာအနီးရှိ ရွှေလုပ်ငန်း လုပ်ကိုင်နေသူများ အား KIA အဖွဲ့မှ ဆက်ကြေးငွေများ တောင်းခံသည့်အပြင် ၎င်းတို့အဖွဲ့တွင်းသို့ ၀င်ရောက်ရန် လူသစ်များပါ စုဆောင်းနေကြောင်း ယင်းမှော်သူမှော်သားများထံမှ သိရသည်။

ဖားကန့်မြို့နယ်၊ မလန်းကျေးရွာအနီးရှိ ရွှေမှော်အတွင်း ရွှေတူးဖော်လုပ်ကိုင်နေသူ အသစ်များ ရောက်ရှိနေသည်ဟု သတင်းရပြီး KIA အဖွဲ့မှ စက်ဆိုင်း (၁) ဆိုင်းလျှင် ၅၀၀၀၀ ကျပ်၊ ရွှေလုပ်သား တစ်ဦးလျှင် ၂၀၀၀၀ ကျပ်နှုန်း ပေးဆောင်ရန်နှင့် မပေးဆောင်နိုင်ပါက KIA အဖွဲ့အတွင်းသို့ ၀င်ရောက်ရန် ခြိမ်းခြောက်ပြောဆိုသွားကြောင်း ရွှေမှော်လုပ်သား တစ်ဦးထံမှ သိရသည်။
“ အရင် လက်ဟောင်းတွေကတော့ တစ်လကို ၁၀၀၀၀ ပေးရတယ်ပြောတယ် အခု ကျွန်တော်တို့က အသစ်ဆိုတော့ ၂၀၀၀၀ တောင်ပေးလိုက်ရတယ်.. မပေးရင်လဲ တစ်ခုခုလုပ်မှာ ကြောက်တယ်.. ဒီနားမှာ လုပ်စားရင် အဆင်ပြေမယ်ထင်လို့ လာခဲ့တယ်… ခုလောလောဆယ် တော့ ဆက်ကြေးအရင်ပေးလိုက်ရပြီ” ဟု မှော်လုပ်သားတစ်ဦးထံမှ သိရှိရသည်။


Credit To .>> > ပြည်မြန်မာ News 

0 comments:

Post a Comment