Thursday, November 19, 2015

IS ချေမှုန်းရေး အဓိကထား လုပ်ဆောင်ရန် ရုရှားကို အမေရိကန်သမ္မတ တိုက်တွန်း


ဆီးရီးယားအစိုးရကို ထောက်ပံ့နေမှုထက် အစ္စလာမ္မစ်နိုင်ငံတော် စစ်သွေးကြွအဖွဲ့ (IS) ချေမှုန်းရေး အဓိကထား လုပ်ဆောင်ရန် ရုရှားနိုင်ငံကို အမေရိကန်သမ္မတ ဘားရတ်အိုဘားမားက ပြောကြားလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

ပဲရစ်မြို့တော်၌ အစ္စလာမ္မစ်နိုင်ငံတော် စစ်သွေးကြွအဖွဲ့ အကြမ်းဖက် တိုက်ခိုက်ပြီးနောက် အဆိုပါအဖွဲ့ကို အဓိကထား ချေမှုန်းသွားရန် အမေရိကန်က ရုရှားကို တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။
ဆီးရီးယားနိုင်ငံ၌ ရုရှားတိုက်လေယာဉ်များ တပ်စွဲထားပြီး အစိုးရဆန့်ကျင်ရေး သူပုန်များကိုသာ အဓိကထား ချေမှုန်းနေခြင်းကြောင့် အစ္စလာမ္မစ် စစ်သွေးကြွများကို အဓိကထား တိုက်ခိုက်ပေးရန် အမေရိကန်သမ္မတက တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။
ရုရှားနိုင်ငံ၏ စစ်ရေးရည်ရွယ်ချက်မှာ IS များကို ချေမှုန်းရေး ဖြစ်သည်ဟု ထုတ်ပြန်ထားသော်လည်း လက်တွေ့တွင် ဆီးရီးယားသမ္မတ အာဆတ် ဆန့်ကျင်ရေး သူပုန်များကိုသာ တိုက်ခိုက်နေခြင်းကြောင့် အနောက်နိုင်ငံများက စိတ်ပျက်လျက်ရှိသည်။
တစ်ချိန်တည်းတွင် အစ္စလာမ္မစ်နိုင်ငံတော် စစ်သွေးကြွအဖွဲ့ကို ပြင်သစ်နိုင်ငံက တိုးမြှင့်တိုက်ခိုက်လာခြင်းကို အမေရိကန်က ကြိုဆိုလိုက်ပြီး အကူအညီများ ပေးအပ်မည်ဟု ပြောကြားလိုက်သည်။

 Credit To >>>> The Voice  News

0 comments:

Post a Comment