Friday, November 20, 2015

ကိုလက်စထရောကျစေတဲ့ အစားအစာ (၁၂)မျိုး


ကိုလက်စထရောဆိုတာ……သွေးထဲမှာစီးဆင်းနေတဲ့ အဆီမော်လီကျူးတွေဖြစ်ပြီး၊ ခန္ဓာကိုယ်ကိုကောင်းကျိုးပြုတဲ့HDL ကိုလက်စထရော နဲ့ ခန္ဓာကိုယ်ကိုဆိုးကျိုးပေးတဲ့ LDL ကိုလက်စထရောဆိုပြီးရှိကြပါတယ်။ပမာဏများရင် ခန္ဓာကိုယ်တည်ဆောက်ရာမှာသာမကသွေးကြောတွေကိုပါ အနည်ကျပိတ်ဆို့ စေပါတော့တယ်။
အထူးသဖြင့် နှလုံးသွေးလွှတ်ကြောတွေကို သွေးထောက်ပံ့မှုကမောက်ကမဖြစ်စေတာကြောင့် “နှလုံးရောဂါအစ၊ ကိုလက်စထရောက” လို့  ဆိုနိုင်ပါတယ်။
(ကိုလက်စထရောတက်စေတဲ့အကြောင်းရင်းများ)(၁) သွေးဆုံးပြီးအမျိုးသမီးများ (၂) မိသားစုမျိုးရိုးထဲမှာကိုလက်စထရောများတဲ့ ရာဇဝင်ရှိသူများ (၃) အဆီအအိမ့်အစားများပြီး ကိုယ်လက်လှုပ်ရှားမှုနည်းသူများ (၄) အ၀လွန်သူများ (၅) ဆေးလိပ်သောက်လွန်းသူများ…. မှာ ကိုလက်စထရောတွေ တက်လာကြပါတယ်။
(ကိုလက်စထရောကျစေတဲ့အစားအစာများ)ကမ္ဘာနဲ့အ၀ှမ်းကိုလက်စထရောမြင့်မားမှုကြောင့်လူကြီး-လူရွယ်မရွေးနှလုံးရောဂါဝေဒနာခံစားလာကြရာ၊ မိမိကိုယ်ကို ကျမ္မာရေးအသိဖြင့် အောက်ပါ အစားအစာတွေနဲ့ ထိန်းသင့်ပါတယ်။
(၁)ကွေကာအုတ်ထဲမှာပျော်ဝင်လွယ်တဲ့အမျှင်ဓာတ်တွေနဲ့သဘာဝbeta-glucol ဓာတ်တွေပါရှိကြပြီး၊ ထိုဓာတ်တွေက သွေးတွင်းမကောင်းတဲ့ကိုလက်စထရောတွေကိုစုပ်ယူပြီးခန္ဓာကိုယ်ကနေ ပြန်လည်စွန့်ထုတ်ပေးတာကြောင့်နံက်စာအာဟာရအဖြစ်ကွေကာအုတ်ကိုစားပေးသင့်ပါတယ်။
(၂) အနီရောင်စပျစ်သီးကထုတ်လုပ်တဲ့ “၀ိုင်နီ” တွေက သွေးအတွင်းမှ မလိုလားအပ်တဲ့ အဆီများကိုဖယ်ရှားပေးတာကြောင့် မကောင်းတဲ့ကိုလက်စထရောတွေကို လျော့ချစေပြီးနှလုံးအဆို့ ရှင်များပွင့်လာစေပါတယ်။ နှလုံးသွေးကြော ပိတ်ဆို့ ခြင်းကြောင့်ဖြစ်ပ်ါစေတတ်သော နှလုံးရောဂါအမျိုးမျိုး၊ လေသင်တုန်းဖြတ်ခြင်း၊ အိုမင်းရင့်ရော်ခြင်းနှင့် စပ်ဆက်တဲ့ နှလုံးယိုယွင်းမှုတို့ ကိုပါ ကာကွယ်ပေးနိုင်ပါတယ်။
(၃) ငါးသလောက်ယောက္ဖ၊ ဆယ်လ်မွန်ငါး၊ တူနာငါး၊ ငါးသေတ္တာငါး၊ ပင်လယ်ငါးပြားကြီး စတဲ့ ပင်လယ်ငါးအမျိုးမျိုးတို့ မှာ အိုမီဂါ-၃ ဖက်တီးအက်ဆစ်တွေ ပါရှိနေတာကြောင့် ခန္ဓာကိုယ်ထဲရှိ ကောင်းတဲ့HDLကိုလက်စထရောကို မြှင့်ပေးပြီး၊ မကောင်းတဲ့ LDLကိုလက်စထရောကို လျော့ချပေးပါတယ်။ ဒါ့ပြင် အဲဒီ အိုမီဂါ-၃ ဖက်တီးအက်ဆစ်တွေက နှလုံးရောဂါ နဲ့  ဦးနှောက်ဇရာအကြိုရောဂါတို့ ကို ကာကွယ်ပေးပါတယ်။
(၄) သစ်ကြားသီး၊ဗာဒံစေ့စတဲ့အစေ့အဆန်တွေမှာpolyunsaturated(ခေါ်)သွေးထဲမှာ ကိုလက်စထရောတွေမစုဝေးနိုင်အောင် ပြုပြင်ပေးတဲ့ သဘာဝဓာတုဓာတ်တစ်မျိုးပါရှိနေတာမို့ ၊ ကိုလက်စထရောကျစေတဲ့ အကောင်းဆုံးအစားအစာများဖြစ်ကြပါတယ်။ (သို့ သော် တန်ဆေးလွန်ဘေး ဖြစ်တတ်တာမို့  အစေ့အဆန်တွေကို တနေ့ လျှင် မိမိလက်တစ်ဆုပ်စာ ပမာဏထက်ပို၍ မစားသင့်ပါဘူး)
(၅) ပဲတောင့်ရှည်(ခေါ်)ပဲသီး၊ဗိုလ်စားပဲစတဲ့အစိမ်းရောင်ပဲအမျိုးမျိုးတွေကအမျှင်ဓာတ်များပြီး၊ပရိုတင်းဓာတ်အပြည့်အ၀ပါရှိကာအဆီပါဝင်မှုလွန်စွာနဲပါးတာကြောင့်နှလုံးရောဂါရှိသူတွေအတွက်ထိုအစိမ်းရောင်ပဲသီးတို့ကအကောင်းဆုံးအိမ်တွင်းသမားတော်များပါဘဲ။အာရီဇိုးနားတက္ကသိုလ်မှ ဆေးသုတေသီတွေရဲ့လေ့လာစမ်းစစ်မျက်များအရ၊နေ့စဉ်အစိမ်းရောင်ပဲသီး၁-ခွက်စာပမာဏပုံမှန်စားသုံးသူမှာသွေးထဲရှိကိုလက်စထရော၈% အထိကျဆင်းသွားစေကြောင်း၊ခန္ဓာကိုယ်မှကိုလက်စထရောစုပ်ယူမှုကိုနှေးကွေးလာအောင်ကူညီပေးကြောင်း၊အခြားသောပဲမျိုးနွယ်ဝင်များဖြစ်ကြတဲ့ပဲကတ္တီပါနဲ့ပဲထောပတ်များကလည်းကိုလက်စထရောကျစေတဲ့အစားအစာများဖြစ်ကြောင်းအကြံပြုထားပါတယ်။
(၆) လ္ဘက်စိမ်းရွက် (လ္ဘက်ရည်ကြမ်း) တစ်နေ့တစ်ခွက်ပုံမှန်သောက်ပေးခြင်းဖြင့် သွေးတွင်းရှိ အဆီများကို လျှော့ချပေးတာ ကြောင့် မကောင်းတဲ့ကိုလက်စထရောတွေကို အလိုလိုနှိမ်နင်းရာရောက်ပါတယ်။ ဒါ့ပြင် ကင်ဆာရောဂါတော်တော်မျာများကို ကာကွယ်ပေးရုံသာကမ၊ အရွယ်တင်နုပျိုလာစေပါတယ်။
(၇) အညိုရောင်ချောကလက်ထဲမှာပါတဲ့ ဓာတ်တိုးဆန့် ကျင်ပစ္စည်းတွေက သွေးထဲရှိ ကောင်းတဲ့ကိုလက်စထရောတွေကို တိုးပွားစေနိုင်လို့ ကျား-မ အရွယ် (၃)ပါးမရွေး ချောကလက်ဖျော်ရည်ပူပူလေး သောက်ပေးသင့်ပါတယ်။
(၈) ထောပတ်တွေက ကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားအစာမှန်သော်လဲ၊ “မာဂျရင်း” ကတော့အပင်ကရတဲ့ ဘသာဝဆေး ဘက်ဝင် စတီရောနဲ့ပြုလုပ်ထားတာကြောင့် သွေးထဲရှိ ကိုလက်စထရောကို ၃ ဒသမ ၅ ရာခိုင်နှုန်း လျော့ပါးသွားစေပါတယ်။
(၉) ဟင်းနုနယ်ရွက်တွေက သွေးတွင်းကိုလက်စထရောကျစေတဲ့ အကောင်းဆုံးသဘာဝအစိမ်းရောင်ဟင်းသီးဟင်းရွက် ဖြစ်ပါတယ်။ ၄င်းထဲမှာပါရှိတဲ့ လူတိန်းဓာတ်က သွေးလွှတ်ကြောနံရံမှာ ကိုလက်စထရောတွေစုပြုံနေတာကိုကာကွယ်ပေးနိုင်ပါတယ်။ ဒါ့ပြင် ဇရာကြောင့်ဖြစ်တတ်တဲ့မျက်ကြည်လွှာပျက်စီးမှုကို တားဆီးပေးနိုင်လို့  အရွယ် ၃-ပါးမရွေး စားသုံးသင့်ပါတယ်။
(၁၀) ထောပတ်သီးထဲမှာ နှလုံးကျန်းမာစေတဲ့ သဘာဝမပြည့်ဝဆီတွေ အလုံအလောက်ပါရှိနေပါတယ်။ မပြည့်ဝဆီတွေကသွေးတွင်းမကောင်းတဲ့ကိုလက်စထရောတွေကို လျော့နည်းစေတဲ့အပြင် ခန္ဓာကိုယ်မှ ကိုလက်စထရောစုပ်ယူမှုကိုပါ လျော့နည်းအောင်ပံ့ပိုးပေးတာမို့  ထောပတ်သီး မကြာခဏစားပေးပါ။ (ချေဖျက်လွယ်တဲ့ အမျှင်ဓာတ်များပါရှိသော အသီးအနှံများဖြစ်ကြတဲ့ ပန်းသီး၊ သစ်တော်သီး၊ စပျစ်၊ စတော်ဘယ်ရီ၊ လိမ္မော်၊ ဂရိတ်ဖရုသီးများကလဲ ကိုလက်စထရောချပေးတဲ့ သစ်သီးလေးတွေပါဘဲ)
(၁၁) ကြက်သွန်ဖြူကသွေးထဲကကိုလက်စထရောတွေကိုချပေးတဲ့အကောင်းဆုံးစားဖိုဆောင်သမားတော်ပါဘဲ။၎င်းကသွေးကြောနံရံတွေမှာသွေးခဲပိတ်ဆို့အနည်ကျခြင်းကိုကာကွယ်ပေးတာကြောင့်နှလုံးသွေးကြောကျဉ်းရောဂါမဖြစ်စေတော့ပါဘူး။ဒါ့ပြင်သွေးပေါင်ကျခြင်းနဲ့ပြင်ပကူးစက်ရောဂါပိုးတွေအလွယ်တကူဝင်မလာနိုင်အောင်တိုက်ထုတ်ပေးတာကြောင့်တစ်နေ့ကိုကြက်သွန်ဖြူ အနည်းဆုံးနှစ်မြွှာကနေ လေးမွှာအထိ စားပေးပါ။(သို့ သော် တစ်နေ့ ကို လေးမွှာထက်ပိုမစားသင့်ပေ)
(၁၂) သံလွင်ဆီထဲမှာ ကျမ္မာရေးကို ကောင်းကျိုးပြုတဲ့ မပြည့်ဝဆီတွေကြွယ်ဝစွာပါရှိနေတာကြောင့် သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောတွေကို တိုက်ထုတ်ပေးပါတယ်။ သံလွင်ဆီက နှလုံးကိုကျန်းမာစေတဲ့အပြင် ဝမ်းဗိုက်ကအဆီတွေကိုပါချပေးနိုင်ပါတယ်။
(ကိုလက်စထရောတက်သူများ ရှောင်ရှားသင့်တဲ့အစားအစာများ)(၁) အနီရောင်အသားတွေထဲမှာ ပြည့်ဝဆီတွေပါနေလို့  အသားလျော့စားပါ (၂) အဆီပါတဲ့ နွားနို့ တွေက မကောင်းတဲ့ LDL ကိုလက်စထရောကို အလွန်အမင်းမြင့်တက်စေတာကြောင့် အဆီမပါတဲ့ နို့ ၊ ဒိန်ချဉ်တွေကိုသောက်ပါ(၃) ထောပတ် မစားပါနဲ့  (၄) ကြက်ကြော်တွေက ကိုလက်စထရောတက်စေလို့ ၊ ကြက်ကြော် စားသုံးမယ့်အစား ကြက်ကင် စားပေးပါ။

Credit To >>> Yangon Media Group

0 comments:

Post a Comment