ယခုအခါတွင် သုံးစွဲသူများအနေဖြင့် Google Maps ကို offline အသုံးပြုရန်
မြေပုံအသေးစားလေးများကို download ပြုလုပ်နိုင်ပြီဖြစ်ကြောင်း အင်္ဂါနေ့တွင်
Google က ထုတ်ပြန်ခဲ့သည်။
Google
Maps တွင် မြေပုံများ download ပြုလုပ်ခြင်းသည် အလွန်ရိုးရှင်းသည်။
သုံးစွဲသူက ရှာဖွေမှုများကို မြို့အလိုက် သို့မဟုတ် ပြည်နယ်အလိုက်
ရှာဖွေခြင်း၊ မြေပုံပေါ်တွင် အမှတ်တစ်ခုကို ရွေးချယ်ခြင်း သို့မဟုတ်
သတ်မှတ်ခြင်း တို့ ပြုလုပ်၍ download ပြုလုပ်နိုင်ပြီ ဖြစ်သည်။ ထို့အပြင်
သုံးစွဲသူအလိုရှိသည့် မြေပုံတစ်ခုကိုသာ download ပြုလုပ်နိုင်ရန်လည်း
Google မှ ထောက်ပံ့ပေးထားသည်။ Google သည် ယခင်ကကဲ့သို့ offline နှင့်
online mode များအကြား ခွဲခြားထားခြင်း မရှိပေ။
သုံးစွဲသူများအနေဖြင့် လိုအပ်သောမြေပုံကို စမတ်ဖုန်းအတွင်း
မှတ်သားထားပြီးပါက မြေပုံအတွင်း လုပ်ငန်းဆိုင်ရာ အချက်အလက်နှင့်
တည်နေရာများရှာဖွေခြင်းအပြင် ယာဉ်လမ်းညွှန်အဖြစ်လည်း အသုံးပြုနိုင်သည်။
Google Maps ကို online ဖြင့်အသုံးပြုနေစဉ် ချိတ်ဆက်မှုနှေးကွေးသွားပါက
offline mode သို့လည်း အလွယ်တကူ ပြောင်းလဲအသုံးပြုနိုင်သည်။ အဆိုပါ Google
Maps ၏ feature ကို Android ဗားရှင်းအတွက်သာ ကနဦး ဖြန့်ချိထားသည်။
Credit To >>> Internet Journal
Wednesday, November 11, 2015
"Google Maps တွင် offline ရှာဖွေမှုနှင့် လမ်းညွှန်မှု ပြုလုပ်နိုင်ကြောင်း Google ထုတ်ပြန်"
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment