Monday, November 16, 2015

လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် ရွေးကောက်ပွဲရလဒ် ကြေညာရန် ကြန့်ကြာနေရဟု ရခိုင်ပြည်နယ် ရွေး/ကော်ပြောဆို

၂ဝ၁၅ခုနှစ် နိုဝင် ဘာ၈ရက်တွင် ကျင်းပခဲ့သော ရွေးကောက်ပွဲ ရလဒ်ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထုတ် ပြန်လျက်ရှိသော်လည်း ရခိုင်ပြည်နယ်တွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများ ကြောင့် ရွေးကောက်ပွဲရလဒ်စာရင်းအားလုံး ကိုကြေညာရန် ကြန့်ကြာနေရကြောင်း ရခိုင် ပြည်နယ် ရွေးကောက်ပွဲကော်မရှင်မှသိရသည်။

လက်ရှိ ရခိုင်ပြည်နယ်တွင် ပြည် သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်နေ ရာများတချို့တွင်သာ ရွေးကောက်ပွဲရလဒ် များကို ထုတ်ပြန်နိုင်ပြီး ပြည်နယ်လွှတ်တော် နှင့် တိုင်းရင်းသားရေးရာ ကိုယ်စားလှယ်များ ၏ ရလဒ်များကို ထုတ်ပြန်ကြေညာနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
''ရခိုင်မှာက အချို့ဒေသတွေက လမ်းပန်းဆက်သွယ်ရေး မဖွံ့ဖြိုးသေးတော့ သွားရလာရ ခက်ခဲတဲ့အတွက် ရွေးကောက် ပွဲရလဒ်တွေ အားလုံးကိုကြေညာဖို့ ကြာနေ တာဖြစ်တယ်။ အခုစာရင်းတွေ အကုန်လုံး လုပ်နေပါတယ်။ မကြာတော့ပါဘူး။ အမြန် ဆုံးထုတ်ပြန်နိုင်အောင် ဆောင်ရွက်နေပါ တယ်'' ဟု ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော် မရှင်မှ ဥက္ကဋ္ဌဦးအောင်မြက ပြောသည်။
ပြည်သူ့လွှတ်တော် နေရာအတွက် ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်ဖြူနှင့် သံတွဲမြို့နယ် မဲဆန္ဒနယ်များနှင့် အမျိုးသား လွှတ်တော်တွင် စစ်တွေမြို့နယ် မဲဆန္ဒနယ် (၁)၊ မောင်တော(မြောက်ပိုင်း) မဲဆန္ဒနယ် (၇)နှင့် မောင်တော(တောင်ပိုင်း) မဲဆန္ဒနယ် (၈) တို့အတွက်သာ ထုတ်ပြန်နိုင်သေးသည် ဟုသိရသည်။
ထို့အပြင် ရခိုင်ပြည်နယ်တွင် ပြည် သူ့လွှတ်တော်အတွက် မဲဆန္ဒနယ်စုစုပေါင်း ၂ဝ၊ အမျိုးသားလွှတ်တော်အတွက် မဲဆန္ဒ နယ်စုစုပေါင်း ၁၂နေရာနှင့် ပြည်နယ်လွှတ် တော်အတွက် မဲဆန္ဒနယ်စုစုပေါင်း ၁၅ နေရာ ရှိခဲ့ကြောင်း သိရသည်။
လက်ရှိစာရင်းများအရ ပြည်သူ့ လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့တွင် ရခိုင်အမျိုးသားပါတီ(ANP)ပါတီမှ အနိုင် ရရှိနေပြီး ဒုတိအများဆုံးမှာ NLD ပါတီဖြစ် ကာ USDP ပါတီမှာ တတိယနေရာတွင်ရှိနေ ကြောင်း ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော် မရှင်မှ သိရသည်။

Credit To >>> Yangon Media Group

0 comments:

Post a Comment