Wednesday, November 11, 2015

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး နိုင်ငံ တကာမှ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး အဖွဲ့များအား လက်ခံတွေ့ဆုံ


 ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးသည် အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၊ ရုရှားနိုင်ငံနှင့် အိန္ဒိယနိုင်ငံ တို့မှ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များအား ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင် စု ရွေးကောက်ပွဲ ကော်မရှင်ရုံး ဧည့်ခန်းမ ဆောင်၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌသည် ၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအား လေ့လာရန်ဖိတ်ကြားထားသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ အား နံနက် ၁ဝ နာရီတွင် လည်းကောင်း၊ ရုရှားနိုင်ငံမှ သံအမတ်ကြီး Mr. Vasily B. Pospelov နှင့် ရုရှားနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့မှ Mr. Shapiev တို့ ဦးဆောင်သော အဖွဲ့အား နံနက် ၁၁ နာရီတွင် လည်းကောင်း၊ အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ် ရွေးကောက်ပွဲအရာရှိချုပ် Mr. V. K. Singh ဦးဆောင်သော အဖွဲ့အား မွန်းလွဲ ၃ နာရီခွဲတွင်လည်းကောင်း သီးခြားစီလက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ၂ဝ၁၅ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အကြိုကာလတွင် ကြိုတင်ပြင်ဆင်ဆောင်ရွက်ခဲ့မှု၊ ရွေးကောက်ပွဲကာလတွင် လွတ်လပ် စွာ မဲပေးခွင့်ရရှိအောင် ဆောင်ရွက်ခဲ့မှု၊ ရွေးကောက်ပွဲအလွန်ကာလ မဲရလဒ်ထုတ်ပြန်ရန် ဆောင်ရွက်နေမှု အခြေ အနေများ နိုင်ငံ တကာ ရွေးကောက်ပွဲ အတွေ့အကြုံများ၊ ရွေးကောက်ပွဲဆိုင်ရာ နည်းပညာနှင့် လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး တို့နှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
အဆိုပါ တွေ့ဆုံပွဲများသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးအောင်မြင့်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

Credit To >>> MOI Webportal Myanmar 

0 comments:

Post a Comment