Tuesday, November 17, 2015

ကမ္ဘာ့စီးပွားရေးကျဆင်းနေမှုကြောင့် စင်ကာပူက အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းတွေ လည်း အထိနာနိုင်

ကမ္ဘာ့စီးပွားရေးကျဆင်းနေမှုကြောင့် စင်ကာပူကအသေးစားနဲ့အလတ်
စားစီးပွားရေးလုပ်ငန်းတွေ လည်း အထိနာနိုင်တယ်လို့ စထရိတ်တိုင်းမ်
သတင်းမှာ ဖော်ပြထားပါတယ်။
ကမ္ဘာ့စီးပွားရေး တိုးတက်မှုနှေးကွေးနေလို့ အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းတွေလည်း တိုးတက်မှုကျ
ဆင်းနိုင်တယ်လို့ အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်
ရေးလေ့လာမှုတစ်ခုက ဆိုပါတယ်။
ဒီနှစ်အတွင်း အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းတွေ
တိုးတက်လမ်းမမြင်ဘူးလို့ ဖြေဆိုသူ ၄၇ရာခိုင်နှုန်းက ဆိုပါတယ်။
ခြောက်ရာခိုင်နှုန်းကလည်း အရောင်းတွေကျဆင်းမယ်လို့ ဆိုပါတယ်။
စင်ကာပူ အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းတွေက လူသားအရင်းအမြစ်အတွက် ကုန်ကျစရိတ်မြင့်တက်လာခြင်းနဲ့ ပြိုင်ဆိုင်မှုပြင်းထန်လာခြင်း
ကြောင့်လည်း အခြေအနေတွေ ယိမ်းယိုင်နေတယ်လို့ ဆိုပါတယ်။
ကမ္ဘာ့စီးပွားရေးကျဆင်းမှုအပါအဝင်၊ ခက်ခဲတဲ့အခြေအနေတွေ ကြောင့်
စင်ကာပူ အသေးစားနဲ့အလတ်စားစီးပွားရေးလုပ်ငန်းတွေက တိုးတက်ဖို့
အလားအလာနည်းနေသေးတယ်လို့ ဆိုပါတယ်။

Credit To >>>> SFJ News 

0 comments:

Post a Comment