Monday, October 12, 2015

တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်သက်တမ်းငါးနှစ်အတွင်း ဘဏ္ဍာငွေဆိုင်ရာ ဥပဒေများ ပြဋ္ဌာန်းနိုင်

တနင်္သာရီတိုင်းဒေသ  ကြီးလွှတ်တော်သက်တမ်းငါးနှစ် အတွင်း အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ သည့် ဥပဒေများအနက် သုံးပုံ တစ်ပုံနီးပါးမှာ ဘဏ္ဍာငွေဆိုင်ရာ ဥပဒေများဖြစ်ကြောင်း သတင်း ရရှိသည်။

ပထမအကြိမ် တနင်္သာရီ တိုင်းဒေသကြီး လွှတ်တော်သက် တမ်းငါးနှစ်တာကာလအတွင်း အတည်ပြုပြဋ္ဌာန်းခဲ့သည့် ဥပဒေ (၂၉) ခုအနက် တိုင်းဒေသကြီး၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲ ရေး ဥပဒေ(၄)ခုနှင့်တိုင်းဒေသ ကြီး၏ ဘဏ္ဍာငွေအရ သုံးဆိုင်ရာ ဥပဒေ(၄) ခုပါဝင်နေသည်။
ထို့အပြင် တိုင်းဒေသကြီး လွှတ်တော်တွင်ပြဋ္ဌာန်းခဲ့သည့် ဥပဒေများကိုပြန်လည်သုံးသပ်ရာ ၌ အားနည်းချက်များရှိနေသော ကြောင့် ဥပဒေ (၄)ခုကို ပြန်လည် ပယ်ဖျက်ခဲ့ကြောင်း တိုင်းဒေသ ကြီးလွှတ်တော်ဥက္ကဋ္ဌထံမှ သိရ သည်
‘‘တိုင်းဒေသကြီးမှာ လက် တွေ့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မယ့် ဥပဒေများကို သာ ရွေးချယ်ပြီး ဥပဒေနှင့် နည်း ဥပဒေများကို ရေးဆွဲပြဋ္ဌာန်းပေးခဲ့ ပြီးဖြစ်ပါတယ်’’ဟု တိုင်းဒေသ ကြီး လွှတ်တော်ဥက္ကဋ္ဌက (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး တွင်ပြောကြားသည်။
တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်တွင် ပုံမှန်အစည်းအ ဝေး ၁၃ ကြိမ်နှင့်အတူ အထူးအ စည်းအဝေး ၂ ကြိမ်၊ စုစုပေါင်း လွှတ်တော်အစည်းအဝေး (၁၅)ကြိမ် ကျင်းပထားသည်။
 တနင်္သာရီတိုင်း ဒေသကြီး ပထမအကြိမ် လွှတ်တော်၏ (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ၂၀၁၆ ဇန်န၀ါရီလတွင်ကျင်းပရန် စီစဉ်ထားပြီး ဒုတိယအကြိမ် တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးများကို ဖေဖော်ဝါရီလ အတွင်း စတင်ရန်လျာထားကြောင်း လွှတ်တော်ရုံးများထံမှ သိရှိရ သည်။

Credit To >>> 7Day News 

0 comments:

Post a Comment