Wednesday, October 14, 2015

ရွေးကောက်ပွဲမရွေ့ဆိုင်းဘဲ မူလအတိုင်း နိုဝင်ဘာ၈ရက်ကျင်းပမည်


ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို မရွှေ့ဆိုင်းတော့ဘဲ မူလသတ်မှတ်ရက်အတိုင်း နိုဝင်ဘာ၈ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ  ကော်မရှင်က ယမန်နေ့   ညပိုင်းက  ကြေညာလိုက်သည်။
ရွေးကောက်ပွဲရွှေ့ဆိုင်းဖြစ်၊ မဖြစ် မကြာမီကြေညာမည်ဟု ပြည်ထောင်စု  ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက  သတင်းထောက်များကို အောက် တိုဘာ၁၃ရက် မွန်းလွဲပိုင်းတွင် ပြောကြားခဲ့သည်။ ထို့ကြောင့် ရွေးကောက်ပွဲရွှေ့ဆိုင်း၊ မရွှေ့ ဆိုင်း ပြည်တွင်း၊ပြည်ပစိတ်ဝင် စားနေချိန်တွင် မရွှေ့ဆိုင်းတော့ ဟု  နိုင်ငံပိုင်မီဒီယာမှတစ်ဆင့် ကြေညာခြင်းဖြစ်သည်။

အောက်တိုဘာ ၁၃ ရက်က နေပြည်တော်ရှိ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ရုံးတွင် ရွေး ကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်း ရေး ဗဟိုကော်မတီအစည်းအဝေး ကျင်းပကာ ရွေးကောက်ပွဲ ကျင်းပ မည့်ရက် ရွှေ့ဆိုင်းရန် သင့်၊ မသင့် ကို ခေါ်ယူတွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။ ယင်းဆွေးနွေးပွဲကို နံနက် ၁၀ နာရီခန့်မှစတင်ကာ နေ့ လယ် ၁ နာရီထိ ပြုလုပ်ခဲ့သည်။ဆက်လက်၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက်ပွဲကျင်းပမည့် ရက် ရွှေ့ဆိုင်းရန် ဖြစ်၊ မဖြစ်ကို ဆက် လက်ညှိနှိုင်းကာ ရက်ပိုင်းအတွင်း ထုတ်ပြန်မည်ဟု (အောက်တိုဘာ ၁၄ ရက်ဖြစ်နိုင်ဟု) ဦးတင်အေးက ပြောသည်။
ရွေးကောက်ပွဲရက်ရွှေ့ ရန် ဖြစ်၊ မဖြစ် ရွှေ့ဆိုင်းမည့် ကာလ၊ အချိန်တို့ကို တိတိကျကျပြောဆိုသွားခြင်း မရှိခဲ့ပေ။
အဆိုပါကော်မတီကို ပါတီ ၁၀ ခုဖြင့် ဖွဲ့စည်းထားသော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါ တီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေး ပါတီ၊ အမျိုးသားတိုးတက်ရေးပါ တီ၊ အမျိုးသားဒီမိုကရေစီအင် အားစုပါတီ၊ ရခိုင်အမျိုးသားပါတီ နှင့် တိုင်းရင်းသားစည်းလုံးညီ ညွတ်ရေးပါတီ စသည့်ပါတီ ခုနစ်ခုတို့ တက်ရောက်ခဲ့ကြသည်။
တက်ရောက်ခဲ့သည့် ပါတီ ခုနစ်ခုတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ရွေးကောက်ပွဲရွှေ့ ဆိုင်းရန် သဘောမတူကြောင်း တရားဝင်ကန့်ကွက်ခဲ့ပြီး မြန်မာ နိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုး တိုးတက်ရေးပါတီနှင့် အမျိုးသား တိုးတက်ရေးပါတီ၊ ပြည်ခိုင်ဖြိုး ပါတီတို့က ရွှေ့ဆိုင်းရန် သဘော တူကာ အခြားပါတီများက ကော် မရှင်၏ ဆုံးဖြတ်ချက်အတိုင်း လိုက်နာမည်ဖြစ်ကြောင်း သိရ သည်။
‘‘ကျွန်တော်ကတော့ နာဂစ် မှာ သဘာဝဘေးအန္တရာယ်ဖြစ် တာကတော့ ၂၀၀၈ ဖွဲ့စည်းပုံအ ခြေခံဥပဒေကို တွန်းလုပ်ခဲ့တာ အခုဒီဟာက အဲဒီတုန်းကဟာနဲ့ ယှဉ်ရင် မပြောပလောက်ဘူး။ ဒါ ကြောင့် ရွေးကောက်ပွဲရက်ရွှေ့ တာကို ကျွန်တော်ကန့်ကွက် တယ်။ သဘောမတူဘူး’’ဟု ယင်း ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟိုကော်မတီဝင် ဦးဝင်းထိန်က ဆိုသည်။
ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးကမူ ‘‘၂၀၀၈ ရွေးကောက်ပွဲတုန်းက မြစ်ဝကျွန်း ပေါ်ဒေသတစ်ခုပဲဖြစ်တာ၊ အခု ဟာက နေရာတကာအနှံ့ဖြစ်နေ တာပဲ။ ဒီနေ့သတင်းစာထဲမှာ ကြည့်လိုက်ပါလား၊ တော်တော် တော့ ကွာတာရှိပါတယ်။ နေရာ တကာ တစ်သတ်မတ်တည်းမှတ် လို့မရပါဘူး’’ဟု ပြောသည်။
 
 
Credit To >>> Eleven Media Group

0 comments:

Post a Comment