Wednesday, September 16, 2015

မြန်မာနိုင်ငံ၏ ပညာရေး၊ ကျန်းမာရေးနှင့် လယ်ယာကဏ္ဍကြီးသုံးခုသည် ရင်းနှီးမြှုပ်နှံစရာ အကောင်းဆုံးဟု နိုင်ငံတကာစီးပွားရေးပညာရှင်ပြော


မန်မာ နိုင်ငံတွင် ရင်းနှီးမြှုပ်နှံစရာအခွင့်အ လမ်းကောင်းများ အများအပြားရှိပြီး ယင်းတို့အနက်မှ ပညာရေး၊ ကျန်းမာ ရေးစောင့်ရှောက်မှုနှင့် လယ်ယာကဏ္ဍ ကြီးသုံးခုသည် ရင်းနှီးမြှုပ်နှံရန် အ ကောင်းဆုံးနယ်ပယ်ကြီးသုံးခုဖြစ် နေဟု နိုင်ငံတကာစီးပွားရေးပညာ ရှင်တစ်ဦးက သုံးသပ်ပြောကြား လိုက်သည်။

စက်တင်ဘာ ၁၅ ရက်က နေ ပြည်တော်ရှိ မြန်မာနိုင်ငံတကာကွန် ဗင်းရှင်းစင်တာ (၂) တွင် ကျင်းပသည့် Myanmar Global Investement Forum (မြန်မာကမ္ဘာလုံးဆိုင်ရာရင်းနှီးမြှုပ်နှံမှုဖိုရမ်) ၌ ဂျာဒင်းမက် သီဆွန်မန်းနေ့ဂျင်မင့်န် (အရှေ့တောင် အာရှ)အဖွဲ့အစည်း၏ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် ပီတာဘေရွန် က ယင်းကဲ့သို့ ပြောကြားလိုက်သည်။
ပီတာဘေရွန်က နယ်ပယ်ကြီး သုံးခုအနက်မှ ထပ်မံရွေးချယ်ရမည် ဆိုလျှင် ပညာရေးနှင့် လယ်ယာကဏ္ဍ သာဖြစ်ကြောင်း၊ ယင်းကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံစရာများ အမြောက်အ မြားရှိနေကြောင်း ပြောကြားခဲ့သည်။
စက်တင်ဘာ ၁၅ ရက်က ကျင်းပသည့် အဆိုပါဖိုရမ်ဖွင့်ပွဲတွင် ဆက် သွယ်ရေး သတင်းအချက်အလက် နှင့် နည်းပညာဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးဇေယျာအောင် က အဖွင့်အမှာစကားပြောကြားခဲ့ သည်။
ယင်းဖိုရမ်တွင် ''အသွင်ကူး ပြောင်းရေးကာလမြန်မာနိုင်ငံ''၊ ''မြန် မာ့ငွေကြေးကဏ္ဍဖွံ့ဖြိုးရေး''၊ ''မြန် မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်း များ အောင်မြင်စွာလုပ်ကိုင်ခြင်း''၊ ''ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် မဟာ မဲခေါင်ဒေသချိတ်ဆက်ခြင်း''၊ ''စွမ်းအင်နှင့် လျှပ်စစ်ဓာတ်အား ဖွံ့ဖြိုးတိုး တက်ရေး'' နှင့် ''၂၀၁၅ရွေးကောက်ပွဲနှင့် အလွန်ကိုရှုမြင်ခြင်း''စ သည့် ခေါင်းစဉ်များဖြင့် ပြည်တွင်းပြည်ပ စီး ပွားရေးပညာရှင်များနှင့် လုပ်ငန်းရှင်များ က ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြန်မာကမ္ဘာလုံးဆိုင်ရာ ရင်းနှီး မြှုပ်နှံမှုဖိုရမ်ကို စက်တင်ဘာ ၁၆ ရက်အထိ နှစ်ရက်တာ ကျင်းပသွား မည်ဖြစ်ကြောင်းသိရသည်။

Credit To >>> Democracy News 

0 comments:

Post a Comment