Wednesday, September 16, 2015

လူကုန်ကူးသူများနယ်စပ်ဖြတ်ကျော်ရာတွင် ဌာနဆိုင်ရာအချို့၏ မသိကျိုးကျွန်ပြုမှုများကို ထိရောက်စွာအရေးယူရန် လိုအပ်ဟုဆို

လူကုန် ကူးသူများ နယ်စပ်ဖြတ်ကျော်ရာတွင် ဌာနဆိုင်ရာအချို့၏ မသိကျိုးကျွန် ပြုမှုများကို ထိရောက်သည့် အရေး ယူဆောင်ရွက်မှုများ ပြုလုပ်ရန် လို အပ်ကြောင်း နေရပ်ပြန်လူကုန်ကူးခံ ရသူများမှ တောင်းဆိုထားကြောင်း သိရသည်။

''လူကုန်ကူးသူတွေ နေရပ်ပြန် နယ်စပ်ဖြတ်ကျော်တဲ့အခါမှာ ဌာန ဆိုင်ရာအချို့က လူကုန်ကူးတဲ့သူတွေ ကို မသိကျိုးကျွန်ပြုမှုတွေရှိနေတယ် လို့ လူကုန်ကူးခံရပြီး နေရပ်ပြန်လာ တဲ့လူတွေကပြောတယ်။ အဲဒီလိုဌာန ဆိုင်ရာအချို့ရဲ့ မသိကျိုးကျွန်ပြုမှု တွေကို ထိထိရောက်ရောက် အရေး ယူဆောင်ရွက်ပေးစေလိုတယ်လို့ နေရပ်ပြန် လူကုန်ကူးခံရတဲ့လူတွေ က တောင်းဆိုထားတယ်''ဟု World Vision (မြန်မာ) မှ ဒေါက်တာဇင် ထွေးစီက ပြောသည်။
ယင်းအပြင် လူကုန်ကူးမှုကျူး လွန်သူများကို တရားစွဲဆိုမှု အပိုင်း များတွင်လည်း လျင်မြန်ထိရောက် သည့် မှန်ကန်သည့် တရားစွဲဆိုမှုဖြစ် ရန် လိုအပ်သည်ဟုလည်း လူကုန်ကူးခံရသူများမှ တောင်းဆိုထား ကြောင်းလည်း ယင်းကပြောသည်။
အဆိုပါကိစ္စရပ်များနှင့်ပတ် သက်၍ ''နယ်စပ်ဒေသတွေမှာ တာ ဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲ့ဝင် တွေအနေနဲ့ လာဘ်ပေးလာဘ်ယူမှု ကိစ္စတွေကျူးလွန်မှုတွေရှိရင်တော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ကို တိုင် ကြားနိုင်ပြီး ဌာနချုပ်အနေနဲ့လဲစိစစ် အရေးယူမှုတွေ ပြုလုပ်သွားမယ်'' ဟု အမှတ် (၆)လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့ ရဲမှူးရဲဝင်း အောင်က ပြောသည်။
လက်ရှိအချိန်တွင်လည်း လူကုန် ကူးမှု ကြိုတင်ကာကွယ်တားဆီးနိုင် ရန်အတွက် ရဲတပ်ဖွဲ့ဝင်များ၊ အုပ် ချုပ်ရေးအဖွဲ့များနှင့် အရပ်ဘက်လူ မှုအဖွဲ့အစည်းများပါဝင်သည့် ရပ် ကျေးအဆင့် စောင့်ကြည့်လေ့လာရေး အဖွဲ့များကို ဖွဲ့စည်းထားပြီး လူ ကုန်ကူးမှုဖြစ်ပွားနိုင်သည့် မသင်္ကာ ဖွယ်ရာအခြေအနေများကို စောင့် ကြည့်မှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
လက်ရှိ မြန်မာနိုင်ငံတွင် လူ ကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေကို ၂၀၀၅ ခုတွင် ပြဋ္ဌာန်းကာ လူကုန်ကူးမှုကျူးလွန်သူများကို ထိ ရောက်စွာ အရေးယူဆောင်ရွက်နေ ခြင်းများ ပြုလုပ်နေသည်ဆိုသော် လည်း လူကုန်ကူးမှုအစသည် လူ မှောင်ခိုမှ စတင်ဖြစ်ပွားခြင်းဖြစ်ပြီး လူမှောင်ခိုနှင့်ပတ်သက်၍ မြန်မာ နိုင်ငံတွင် ယနေ့တိုင် ထိရောက်သည့် ဥပဒေပြဋ္ဌာန်းနိုင်ခြင်းမရှိသေးသလို ထိရောက်သည့်ကာကွယ်တားဆီးမှု အရေးယူဆောင်ရွက်မှုများ မပြုလုပ်နိုင်သေးကြောင်းကို လည်း ပြည်ပ ရောက် မြန်မာရွှေ့ပြောင်းအလုပ်သ မားအရေး ကူညီဆောင်ရွက်ပေးသူ များက ထောက်ပြပြောဆိုထားကြ သည်။
ထိုင်းနိုင်ငံအခြေစိုက် ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေးကွန်ရက် MWRN ဥက္ကဋ္ဌ ဦးစိန်ဌေးက ''မြန် မာဘက်ကနေ ထိုင်းဘက်ကို အောက် လမ်းက တရားမဝင်ပွဲစားတွေ လူ မှောင်ခိုပို့တာက အမြဲမပြတ်ရှိနေပါ တယ်။ ထိရောက်တဲ့ အရေးယူမှုဆို တာ တစ်ခါတလေမှဖြစ်လာတာပါ'' ဟု သုံးသပ်ပြောကြားသည်။

Credit To >>> Democracy News

0 comments:

Post a Comment