ထိုင်း ဘုရင့်သမီးတော် မဟာချက်ကရီသီ ရိဒုံ
ထားဝယ်နှင့်မြိတ်မြို့များသို့ အောက် တိုဘာ ၃ ရက်နှင့် ၄ ရက်နေ့တို့တွင်
လာရောက်မည်ဖြစ်ကြောင်း ယဉ်ကျေး မှုဝန်ကြီးဌာနနှင့် မြိတ်မြို့နယ် ဟိုတယ်
နှင့်ခရီးသွားလုပ် ငန်းထံမှ သိရသည်။
အောက်တိုဘာ ၃ ရက်တွင် ထား ဝယ်သို့လာရောက်မည်ဖြစ်ပြီး ၄ ရက် နေ့တွင် မြိတ်သို့သွားရောက်မည်ဖြစ် ကြောင်းသိရသည်။
သီရိဒုံက ထားဝယ်မြို့သို့လာ ရောက်ချိန်တွင် ထားဝယ်ရေနက်ဆိပ်
ကမ်းသို့သွားရောက်မည်ဖြစ်ပြီး ထား ဝယ်မြို့တွင် ထိုင်းနိုင်ငံ သားများတည်
ထားသော ဆင်ဆိပ်ရပ်ကွက်ရှိ ဩရဂ ဠုံဘုရားနှင့် ခုံဝင်းဒပ်ရပ်ကွက်ရှိ ဘုရား
ရှစ်မြှောင့်စေတီ အားဖူး မြော် မည်ဖြစ် ကြောင်း ယင်းခရီးစဉ်နှင့် ပတ်သက် ၍
ထိုင်းသံအမတ်ပြောဆိုချက်ကိုကိုး ကား၍ ယဉ်ကျေးမှုဝန်ကြီး ဌာန ဒုတိ ယဝန်ကြီး
ဦးသန်းဆွေ ကပြောသည်။
''အောက်တိုဘာ ၅ ရက်မှာ နေ ပြည်တော်ကိုလာမယ်။
နေပြည်တော် မှာ အမျိုးသားယဉ်ကျေးမှုပြတိုက်ကို ကြည့်မယ် ။ အောက် တို ဘာ ၆
ရက် မှာ ဘန်ကောက်ကိုပြန်မယ်'' ဟု ဦး သန်းဆွေကဆိုသည်။
ထားဝယ်မြို့သို့ သီရိဒုံလာရောက် သည့်ခရီးစဉ်အတွင်း ထားဝယ်မြို့ ရှိ လောက
မာရဇိန်ဘုရားကြီးကို လာ ရောက်ဖူးမြော်မည်ဟု ဘုရားကြီး ဂေါပ ကနှင့်
နီးစပ်သောအသိုင်းအဝိုင်း ထံမှသိရသည်။
မြိတ်ခရီးစဉ်တွင် တောကျောင်း၊
အရှေ့သိမ်ကျောင်းနှင့်သိမ်တော်ကြီး ဘုရားတို့ကိုသွားရောက်
မည်ဖြစ်ပြီးနေ့ချင်းပြန်ခရီး စဉ်ဖြစ်ကြောင်း မြိတ်
မြို့နယ်ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း မှတာဝန်ရှိသူတစ်ဦးကပြောသည်။
ယခု ထားဝယ်ဒေသအတွင်း ရှိ ရှေးဟောင်းမြို့များဖြစ်သော ဩရဂ
ဠုံနှင့်သာဂရတို့ကို ထိုင်းနှင့်မြန်မာအပြန်အလှန်တိုက်
ခိုက်သိမ်းပိုက်ခဲ့ကြ ပြီး ထိုင်းတို့အုပ်ချုပ်စဉ် ယခုဆင်ဆိပ် ရပ်ကွက်ရှိ
ဩရဂဠုံဘုရားနှင့် သာဂ ရမြို့ဟောင်းရှိ ဘုရားရှစ်မြှောင့်စေ တီတို့ကို
ထိုင်းနိုင်ငံသားများက တည် ထားခဲ့သည်ဟု သိရသည်။
Credit To >>> Democracy News
Tuesday, September 29, 2015
ထိုင်းဘုရင့်သမီးတော် သီရိဒုံ ထားဝယ်နှင့် မြိတ်လာမည်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment