Tuesday, September 29, 2015

လက်နက်ကြီးကျည်များကြောင့် ဒေသခံ ၂၀ဝကျော် ဘုန်းကြီးကျောင်းတွင် ခိုလှုံနေရ

ရှမ်းပြည် နယ်မြောက်ပိုင်း မူဆယ်ခရိုင် မူဆယ် မြို့နယ်အတွင်းရှိ ကောင်းဝှက်ကျေး ရွာအတွင်းသို့ ကျရောက်ခဲ့သည့် လက် နက်ကြီးကျည်များကြောင့် နေအိမ် များပျက်စီးသွားခဲ့ပြီး ရွာသား ၂၀၀ ကျော် မှာ ဘုန်းကြီးကျောင်းတွင် ခို လှုံနေရကြောင်းသိရှိရသည်။

မူဆယ်မြို့နယ်အတွင်းရှိ မော် တောင်းကျေးရွာအုပ်စု ကောင်းဝှက် ကျေးရွာအတွင်းသို့ လက်နက်ကြီး ကျည်များ စက်တင်ဘာ ၂၂ ရက် ညနေ ၅ နာရီကျော် တွင် ကျရောက် ခဲ့ခြင်းဖြစ်သည်။
''ကျွန်တော် တောင်ယာသွား တယ်။ ထမင်းစားပြန်လာတော့ ဒီလိုဖြစ်နေ ပါပြီ။ အိမ်ကပျက်သွား ပြီ။ အဝတ်ဗီရိုတွေလဲ ပျက်သွားတယ်။ အိမ်ဘေး နားက တရုတ်အိမ်မှာတော့ တရုတ်ငွေ(ယွမ်) ငါးသောင်းငါးရာရယ် ဗမာငွေ တစ်ဆယ့်ငါးသိန်းပါသွား တယ်လို့ပြောတယ်''ဟု ကောင်းဝှက် ရွာမှ ပလောင် တိုင်းရင်းသား မိုင်း အိုက်မောင်းကပြောသည်။
လက်နက်ကြီးကျည်များ ကျရောက် ခဲ့ခြင်းကြောင့် ရွာရှိနေအိမ်ဆယ်လုံး ပျက်စီးသွားခဲ့ပြီး ဘုန်းကြီးကျောင်းမှ သိမ်၊ ဇရပ် ၊ စောင်းတန်း၊ ကျောင်း စာသင်ဆောင်နှင့် ကျောင်းခန်းတို့ ပျက်စီးသွားခဲ့ကာ တန်ဖိုးငွေကျပ် သိန်းတစ်ရာဝန်းကျင် ဆုံးရှုံးခဲ့ ရ ကြောင်း ဒေသခံများကဆိုသည်။
''ဒါမျိုးတွေဖြစ်တာတော့ မ ကောင်းဘူးပေါ့။ ဒီမှာတရားစခန်း ဝင် နေတဲ့ သူတွေလဲ ကြောက်လန့်နေကြ ရတယ်။ ရွာသားတွေပဲ ဒုက္ခရောက် ကြရ တာပေါ'' ဟု ကောင်းဝှက်ဘုန်း ကြီးကျောင်းမှ ဆရာတော်ဦးကုမာ ရက မိန့်သည်။
အဆိုပါ လက်နက်ကြီးကျည်များ ကျရောက်ခဲ့ခြင်းကြောင့် ပျက်စီးမှု များ ကို ပြန် လည်ပြုပြင်ရန်နှင့် ဒေသ ခံများကို ထောက်ပံ့ကူ ညီမှုများပြုလုပ် နိုင်ရန်အတွက် ဆောင်ရွက်နေ ကြောင်း မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်းကဆိုသည်။
လက်နက်ကြီးကျည်များ ကျ ရောက်ခဲ့ခြင်းကြောင့် စာသင်ဆောင် များပိတ် ထားရပြီး ရွာသားများမှာ လည်း တောင်ယာ လုပ်ငန်းများကို ဆက်လက်မ လုပ် ကိုင်တော့ဘဲ ကောင်း ဝှက်ဘုန်းကြီးကျောင်းတွင် ခိုလှုံနေ ကြရကြောင်း သိရသည်။

Credit To >>> Democracy News

0 comments:

Post a Comment