Tuesday, September 8, 2015

အိမ်ရာငှားရမ်းခများကို စက်မှုဇုန်များမှ တာဝန်ယူကောက်ခံ၍ လူမှုဖူလုံရေးသို့ ပြန်လည်ပေးသွင်းရမည့် လုပ်သားအိမ်ရာစီမံကိန်း ယခုလမှ စတင်ဆောင်ရွက်လျက်ရှိဟုဆို

 

အိမ်ရာ ငှားရမ်းခများကို စက်မှုဇုန်များမှ တာ ဝန်ယူကောက်ခံ၍ လူမှုဖူလုံရေးသို့ ပြန်လည်ပေးသွင်းရမည့် လုပ်သား အိမ်ရာစီမံကိန်းကို ကနဦးအနေ
ဖြင့် လှိုင်သာယာနှင့် ရွှေပြည်သာမြို့ နယ်တို့၌ ယခုလမှစတင်ဆောက်လုပ် ရန် ဆောင်ရွက်လျက်ရှိကြောင်း လူ မှုဖူလုံရေးဝန်ကြီးဌာနမှ သိရသည်။

လက်ရှိတွင် အဆိုပါအိမ်ရာစီမံကိန်းများဆောက်လုပ်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရထံမှ ကျပ် ၂၆ ဘီလီယံကို ခွင့်ပြုချက်ရရှိ ထားပြီးဖြစ်ကာ လူမှုဖူလုံရေးအဖွဲ့ မှတာဝန်ယူဆောက်လုပ်သွားမည် ဖြစ်ကြောင်း အလုပ်သမား၊ အလုပ် အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးထင်အောင်က စက် တင်ဘာ ၆ရက်က ပြောသည်။

ဒုတိယဝန်ကြီးဦးထင်အောင် က''ငါးထပ် ခြောက်ခန်းတွဲ အိမ်ရာ တွေဆောက်ပေးပြီးတော့ ဇုန်တွေ ကိုအပ်မယ်။ ဇုန်တွေကနေ သက်ဆိုင် ရာအလုပ်ရှင်တွေကနေ တစ်ဆင့် အ လုပ်သမားတွေထားနိုင်အောင် အိမ် ထောင်သည်ဆိုလဲ အိမ်ထောင်သည် အလျောက်၊ လူပျိုတွေ၊ အပျိုတွေဆို လဲ လူပျိုတွေ၊ အပျိုတွေအလျောက် ပေါ့။ ထားနိုင်အောင် စီစဉ်ဆောင် ရွက်သွားမှာဖြစ်ပါတယ်။ ဒါကိုလဲ လူ မှုဖူလုံရေးအနေနဲ့ မတည်ပြီးတော့ ဆောင်ရွက်မှာဖြစ်ပါတယ်။ ဒီအပေါ် မှာလဲ တစ်လတစ်လငှားရမ်းခတွေ ကိုလဲ စက်မှုဇုန်အနေနဲ့တာဝန်ခံ ပြီးတော့ လူမှုဖူလုံရေးကိုပြန်ပြီး တော့ သွင်းရမှာဖြစ်ပါတယ်''ဟု ပြောသည်။

လုပ်ငန်းရှင်များအတွက် စီး ပွားရေးတွက်ခြေကိုက်မှုအနေဖြင့် အရင်းချေကာလကိုလည်း တွက်ချက် ထားပြီးဖြစ်ကြောင်း၊ သို့သော် လက် ရှိလုပ်သားအများဆုံးဖြစ်သည့် လှိုင် သာယာနှင့်ရွှေပြည်သာမြို့နယ်တို့ တွင်တည်ဆောက်သွားမည့် အ ဆိုပါအိမ်ရာစီမံကိန်းအတွက် လို အပ်သည့် မြေဧကအားလုံးမရရှိ သေးကြောင်းလည်း ဒုတိယဝန်ကြီး ဦးထင်အောင်က ဆက်လက်ဆိုသည်။

''လှိုင်သာယာမှာ ၁၈ဧက လောက်လိုတယ်။ ရွှေပြည်သာမှာ ၂၇ ဧကလောက်လိုတယ်။ လော လောဆယ်မှာတော့ အဲလောက်မ ရသေးဘူး။ ရတဲ့ဧကပေါ်မှာ အရင် ဆောက်မယ်။ မြေကွက်တွေကတော့ ရှိတယ်။ ရတဲ့မြေကွက်တွေကခုန ပြောသလို ကျူးတွေကရှိတယ်။ လောလောဆယ်ရနိုင်တဲ့ မြေဧက ပေါ်မှာရနိုင်တဲ့အဆောက်အအုံဝန် ထမ်းအိမ်ရာတွေကို စတင်ဆောက် လုပ်သွားမှာဖြစ်ပါတယ်။ ဒီလထဲမှာ ဆောက်နိုင်အောင်ကြိုးစားဆောင် ရွက်နေတယ်''ဟု ဒုတိယဝန်ကြီး ဦးထင်အောင်က ဆိုသည်။

အဆိုပါမြေတောင်းခံရေးကိစ္စ ရပ်များနှင့်ပတ်သက်၍ စက်တင် ဘာ ၈ရက်တွင်လည်း ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့နှင့်တွေ့ဆုံ ဆွေးနွေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါအိမ်ရာစီမံကိန်းသည် လူမှုဖူလုံရေးဥပဒေပါ လူမှုဖူလုံရေး အဖွဲ့ဝင်လုပ်သားများအတွက်အ ကောင်ထည်ဖော်မည့်အိမ်ရာစီမံ ကိန်းစနစ်၏ကနဦးစီမံကိန်းဖြစ် ကြောင်းလည်း သိရသည်။

Credit To >>> Yangon Media Group

0 comments:

Post a Comment