Wednesday, September 2, 2015

အနည်းဆုံး အခကြေးငွေကင်းလွတ်ခွင့်ရသည့် လုပ်ငန်းငယ်များ အလုပ်ရှင်၊ အလုပ်သမား သဘောတူလစာနှုန်း စာချုပ်ချုပ်ရမည်


အနည်းဆုံးအခကြေး ငွေ ကင်းလွတ်ခွင့်ရရှိထားသည့် မိသားစုတစ်နိုင်တစ်ပိုင် လုပ်ငန်း များနှင့် အလုပ်သမား ၁၅ ဦး အောက် လုပ်ငန်းများ အလုပ်ရှင်၊ အလုပ်သမား သဘောတူညီထား သည့် လစာနှုန်းထားဖြင့် အလုပ် ခန့်ထားမှုဆိုင်ရာ သဘောတူစာ ချုပ်ချုပ်ဆိုရမည်ဟု သတင်းရရှိ သည်။
မြန်မာနိုင်ငံတွင် အနည်းဆုံး အခကြေးငွေ အတည်ပြုနှုန်းထား အတည်ပြုပြီးဖြစ်၍ နိုင်ငံတစ်ဝန်း ရှိ စက်ရုံ၊ အလုပ်ရုံများ၊ အလုပ် ဌာနများတွင် အလုပ်ခန့်ထားမှု ဆိုင်ရာ သဘောတူစာချုပ်များ ပြန်လည်ချုပ်ဆိုရမည်ဖြစ်ကာ ယင်းစာချုပ်တွင် အနည်းဆုံး အခကြေးငွေပေးဆောင်ရန် ကင်း လွတ်ခွင့်ရရှိထားသည့် မိသားစု တစ်နိုင်တစ်ပိုင် လုပ်ငန်းများ၊ လုပ်သား ၁၅ ဦးအောက်ရှိသည့် လုပ်ငန်းငယ်များပါ ထည့်သွင်း ထားခြင်းဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနက အသိပေးကြေညာထားသည်။
စက်ရုံ၊ အလုပ်ရုံများသည် အနည်းဆုံးအခကြေးငွေနှုန်းထား နှင့်အညီ စက်တင်ဘာမှစ၍ အလုပ်ခန့်ထားမှုဆိုင်ရာ သဘော တူစာချုပ်ကို ခန့်ထားပြီးသော အလုပ်သမားများနှင့်သော်လည်း ကောင်း၊ အသစ်ထပ်ခန့်မည့် အလုပ်သမားနှင့်သော်လည်းကောင်း ချုပ်ဆိုကြရမည်ဖြစ်သည်။
အလုပ်အကိုင်နှင့် ကျွမ်း ကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ အရလည်း အလုပ်ရှင်သည် အလုပ်သမားအား ခန့်အပ်ပြီး ရက်ပေါင်း ၃၀ အတွင်း အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုပေးရမည်ဟု ဖော်ပြထားသည်။
 ‘‘အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ပုံစံနဲ့ လစာ ထုတ်ပေးမှုစာအုပ် ပုံစံတွေကို လည်း သက်ဆိုင်တဲ့စက်ရုံ၊ အ လုပ်ရုံတွေဆီကို ပို့ထားပေးပြီးပြီ။ အဲဒီပုံစံအတိုင်း စက်တင်ဘာက နေစပြီး အကောင်အထည်ဖော် သွားကြရမှာပါ’’ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံ ရေးဝန်ကြီးဌာန အကြီးတန်းအရာ ရှိတစ်ဦးက ပြောသည်။
အနည်းဆုံးအခကြေးငွေနှင့် သက်ဆိုင်ခြင်းမရှိသော တစ်နိုင် တစ်ပိုင်လုပ်ငန်းများနှင့် အလုပ် သမား ၁၅ ဦးအောက်လုပ်ငန်းများ မှ အလုပ်သမားများအာမခံချက် ရရှိစေရန် ရည်ရွယ်၍ စာချုပ်ချုပ် ဆိုစေခြင်းဖြစ်သည်။
ထိုသို့ သဘောတူစာချုပ် ချုပ်ဆိုခြင်းနှင့် လစာငွေပေးချေမှု ကိုသက်ဆိုင်ရာ အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန ရုံးများက စောင့်ကြပ်စစ်ဆေးမှုများပုံမှန် ပြု လုပ်မည်ဟု သိရသည်။
လုပ်ငန်းငယ်များတွင် အ လုပ်ရှင်၊ အလုပ်သမားသဘောတူ စာချုပ်ချုပ်ရမည်ဆိုသည့် အစီအ စဉ်ကို ကြိုတင်မသိရှိဘဲ ချက် ချင်းစတင်အကောင်အထည်ဖော် ရမည်ဆိုသည့်အတွက် နည်းလမ်း လွဲမှားမှုအားနည်းချက်များရှိလာ နိုင်သည်ဟု စားသောက်ကုန်လုပ် ငန်းပိုင်ရှင် ဦးလှမြင့်ကဆိုသည်။
အလုပ်သမားတစ်ဦး၏ အ နည်းဆုံးတစ်ရက် ရှစ်နာရီလုပ်ခ ကို ကျပ် ၃,၆၀၀ သတ်မှတ်ကြောင်း သြဂုတ် ၂၈ ရက်က အတည်ပြု ထုတ်ပြန်ကြေညာခဲ့သည်။

Credit To .>>> 7Day News

0 comments:

Post a Comment