Thursday, September 17, 2015

ကန့်ကွက်မှုတွေ ရင်ဆိုင်ခဲ့ရတဲ့ ရန်ကုန်စည်ပင်ရဲ့ မြေကွက်လေလံတင် ရောင်းချပွဲကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်း

ကန့်ကွက်မှုတွေ ရင်ဆိုင်ခဲ့ရတဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး
ကော်မတီရဲ့ မြေကွက်လေလံတင်ရောင်းချ ပွဲကို ရက်အကန့်အသတ်မရှိ
ရွှေ့ဆိုင်းလိုက်ပြီဖြစ်ပါတယ်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြ စီမံကိန်းနဲ့ မြေစီမံခန့်ခွဲမှု
ဌာန လက်အောက်ရှိ မြေကွက် တွေကို သြဂုတ် ၂၇ ရက်နဲ့ ၂၈ ရက်တို့မှာ ဈေး
ပြိုင်စနစ်နဲ့ လေလံတင်ရောင်းချဖို့ မူလက စီစဉ်ထားတာ ဖြစ်ပါ တယ်။
စည်ပင်က ရောင်းချမယ့် မြေကွက်တွေအနက် တောင်ဒဂုံ စက်မှုဇုန် ဓာတ်အား
လိုင်းဘေးရှိ မြေဧက ၁၄ ဒသမ ၅၇ ဧက ပါဝင်ခဲ့ရာ အဆိုပါမြေကွက်ကို စည်
ပင်က လေလံတင်ရောင်းချခြင်းကို အမှတ် ၁ စက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီ
က ကန့်ကွက်ခဲ့ပါတယ်။
၂၀၀၆ ကနေ ၂၀၀၉ ခုနှစ်ကာလအထိ နိုင်ငံတော်စီမံကိန်းနဲ့ ကြက်ဆူစိုက်ခင်း
စိုက်ပျိုးဖို့အတွက် တောင်ဒဂုံ စက်မှုဇုန်အနီးရှိ မြေကွက် ဧရိယာ ၁၄ ဧကကျော်
ကို အမှတ် ၁ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီအား မြေနေရာ ချထားပေးခဲ့တာ
ဖြစ်ပါတယ်။
အခုချိန်မှာ အဲဒီတောင်ဒဂုံစက်မှုဇုန်ရှိ မြေဧက ၁၄ ဧကကျော်မှာ စက်မှုဇုန်လုပ်
သားတွေအတွက် လုပ်သား ၀န်ထမ်းအိမ်ရာ တည်ဆောက်ဖို့အတွက် စီစဉ်
ထားတဲ့အတွက် ပုဂ္ဂလိက လုပ်ကိုင်သူတွေကို ဈေးပြိုင်ရောင်းချ မှုကို အမှတ်
၁ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီက ကန့်ကွက်ထားတာ ဖြစ်ပါတယ်။
ဒါ့ပြင် စည်ပင်က ရောင်းချမယ့် မြေကွက်တွေအနက် တချို့မြေကွက်တွေကို
လက်ရှိအချိန်မှာ လက်ဝယ် ပိုင်ဆိုင်သူတွေကလည်း သတင်းစာရှင်းလင်းပွဲပြု
လုပ်ခဲ့ပြီး ကန့်ကွက်ခဲ့ပါသေးတယ်။
ကန့်ကွက်တာတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ စည်ပင်က မြေကွက်လေလံတင် ရောင်းချ
ပွဲကို သြဂုတ် ၂၇ ရက်နဲ့ ၂၈ ရက်ကနေ စက်တင်ဘာ ၃ ရက်နဲ့ ၄ ရက်သို့ ရွှေ့
ဆိုင်း ခဲ့ပါသေးတယ်။ လက်ရှိမှာတော့ မြို့တော်ခန်းမမှာ ကျင်းပမယ့် လေလံ
တင်ပွဲကို ထပ်မံရွှေ့ဆိုင်းလိုက်ပြီး ပြုလုပ်မယ့် ရက်ကို ထပ်မံကြေညာပေးမယ်
လို့ မြို့တော်စည်ပင်က အသိပေးထားပါတယ်။
လေလံအာမခံစပေါ်ငွေ ပေးသွင်းထားသူတွေကို ငွေပေးအမိန့် P.O မူရင်းနဲ့
စပေါ်ငွေတွေ ပြန်လည်ထုတ်ယူနိုင်မှာ ဖြစ်ပါတယ်။

Credit To >>> SFJ News

0 comments:

Post a Comment