Thursday, September 17, 2015

မင်္ဂလာဒုံနှင့် မြောက်ဒဂုံတွင် ဖမ်းမိခဲ့သော ပိုင်ရှင်မဲ့ စိတ်ကြွဆေးပြားများအမှုမှ ထွက်ပြေး တိမ်းရှောင်နေသူတစ်ဦး မြဝတီတွင်ဖမ်းမိ

-မြန်မာ နိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် မင်္ဂလာဒုံနှင့် မြောက်ဒဂုံတို့တွင် ပိုင် ရှင်မဲ့စိတ်ကြွဆေးပြားများသိမ်းဆည်း ရမိသောအမှုမှ ထွက်ပြေးတိမ်းရှောင် သဖြင့် ရဲမှ ဖမ်းဝရမ်းထုတ်ထားသူ Kalatan Delta Development Co.Ltd မန်နေးဂျင်းဒါရိုက်တာဘုတ် အဖွဲ့ဝင် ကိုးဦးမှ အမျိုးသားတစ်ဦး ကို မြဝတီတွင် ဖမ်းဆီးထားပြီဖြစ် ကြောင်း နေပြည်တော်မူးယစ်တားဆီးနှိမ်နင်းရေးတပ်ဖွဲ့မှ စုံစမ်းသိရ သည်။
စက်တင်ဘာ ၁၅ ရက်က မြဝတီတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ယခု ဖမ်းဆီးရမိသူမှာ Kalatan Delta Development Co.Ltd မှ မန်နေး ဂျင်းဒါရိုက်တာအဖွဲ့ဝင် အမျိုးသား တစ်ဦးဖြစ်ကြောင်း၊ ရက်ပိုင်းအ တွင်း ရန်ကုန်သို့ခေါ်ယူကာစစ်ဆေး သွားမည်ဖြစ်ပြီး ယခုဖမ်းဆီးရမိမှု သည် အဆိုပါအမှုနှင့်ပတ်သက်၍ ကိုးဦးမြောက်ဖမ်းဆီးရမိမှုဖြစ်သည်။
အဆိုပါအမှုမှ ဖမ်းဆီးရမိထားသူ များမှာ ယာဉ်မောင်းညွန့်ဝင်း၊ ရန် ရှောက်ဟွာ၊ သန်းရွှေ၊ ရန်ယုံရှင်း၊ ရန်ယုံဝှေ့၊ ထွန်းကျော်ဇံ၊ ဇော်ဇော် မင်း၊ ဝင်းငြိမ်းခိုင်ဆိုသူတို့ဖြစ်ပြီး ၎င်း တို့ကို ရန်ကုန်တွင် ချုပ်ရမန်ယူကာ စစ်ဆေးနေခြင်းဖြစ်သည်။
မူးယစ်တားဆီးနှိမ်နင်းရေး တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ''အခု နောက်ဆုံး မြဝတီမှာ ဖမ်းဆီးရမိ ထားတဲ့သူတွေက ဖမ်းဝရမ်းထုတ် ထားတဲ့သူ ကိုးဦးထဲက တစ်ဦးပါပဲ။အသေးစိတ်စစ်ဆေးနေလို့ ဘယ်သူ ဘယ်ဝါဆိုတာကို မပြောသေးတာပါ။ ဒါရိုက်တာဘုတ်အဖွဲ့ဝင်တွေ ထဲက တစ်ဦးပါပဲ''ဟု ပြောသည်။
ဇူလိုင် ၂၆ ရက်က အောင်မင်္ဂ လာ ကားဝင်းအနီးရှိ ကွန်တိန်နာ ယာဉ်ပေါ်မှ သိမ်းဆည်းရမိခဲ့သော စံချိန်တင် စိတ်ကြွဆေးပြား ၂၆ ဒသမ ရ သန်း၊ စုစုပေါင်းတန်ဖိုးငွေ ကျပ် ၁၃၃ ဒသမ ၅ ဘီလီယံ တန် ဖိုးကို သိမ်းဆည်းရမိပြီးနောက်တွင် မော်တော်ယာဉ်အမျိုးအစားနှင့် ယာဉ်နံပါတ်များကို တွေ့ရှိခဲ့ပြီး ယာဉ်ပိုင်ရှင်ကို စုံစမ်းစစ်ဆေးရာ တွင် ဒဂုံမြို့သစ်မြောက်ပိုင်း၊ ၄၃ ရပ် ကွက်၊ ဇွဲကပင်လမ်း၊ အမှတ် ၁၁၁၃ နေအိမ်မှ ကုလားတန်နှင့် ပတ်သက် သော စာရွက်စာတမ်းများကို သိမ်း ဆည်းရမိခဲ့ကြောင်း သိရသည်။
ယင်းကုမ္ပဏီတည်ရှိသည့် မြောက်ဒဂုံ(၄၁)ရပ်ကွက် ပဒေသရာ ဇာလမ်းတွင်ရှိသည့်နေအိမ်ကို ထပ် မံရှာဖွေရာ ကုမ္ပဏီမန်နေးဂျင်း ဒါ ရိုက်တာနှင့်အဖွဲ့ဝင်များဖြစ်သူ မင်း ဦးခိုင်၊ ကျော်အေးလှိုင်(ခ)ခိုင်အောင် စိုး၊ ဝင်းလှိုင်(ခ)ဦးဝင်းလှိုင်၊ လှမောင် (ခ)အောင်လင်း(ခ)ပြည်စိုး၊ အေးသန်း၊ သန်းမြင့်၊ ရွှေသီးမောင်၊ သန်းထွန်း တို့ဖြစ်သည်ဟု ရဲတပ်ဖွဲ့က စုံစမ်း တွေ့ရှိခဲ့သဖြင့် Kalatan Delta Development Co.Ltd ရုံးချုပ်၊ ကုမ္ပဏီရုံးခွဲနှင့် ၎င်းတို့၏ နေအိမ် များကို ဩဂုတ် ၃ ရက်က စစ်ဆေး ရာတွင် ၎င်းတို့သည်နေအိမ်နှင့်ရုံး ခန်းများကို သော့ပိတ်ကာထွက်ပြေး တိမ်းရှောင်နေကြပြီး ဒဂုံမြို့သစ် မြောက်ပိုင်း (၄၁) ရပ်ကွက်ရှိ အဆို ပါ ကုမ္ပဏီရုံးချုပ်အခန်းအတွင်းမှ ဆာလာအိတ်ငါးအိတ်ဖြင့် ထည့်ထား သော စုစုပေါင်းငွေကျပ်သိန်းပေါင်း ၇၅၀၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြား ၁ ဒသမ ၅ သန်းကို သိမ်းဆည်းရမိခဲ့ သည်ဟု သိရသည်။

Credit To >>> Democracy News

0 comments:

Post a Comment