Thursday, August 27, 2015

ကျောက်မျက်နှင့် သတ္တုသယံဇာတဖွံ့ဖြိုးရေးဘဏ် အများပိုင်ကုမ္ပဏီအတွက် မှတ်ပုံတင်ရန် စတင်ဆောင်ရွက်

 ကျောက်မျက်နှင့် သတ္တုသယံဇာတဖွံ့ဖြိုးရေးဘဏ် အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် တည်ထောင်နိုင်ရန် မတည်ရင်းနှီးငွေထည့်ဝင်ထား သော လုပ်ငန်းရှင်များနှင့် ကုမ္ပဏီ မှတ်ပုံတင်ရန် စတင်ဆောင်ရွက် နေပြီဟု သတင်းရရှိသည်။
ဘဏ်ဖြစ်မြောက်ရေးအ တွက် ဘဏ်ဖွဲ့စည်းထူထောင်မှတ် ပုံတင်ရန် လုပ်ငန်းဖြစ်မြောက်ရေး ဦးဆောင်ကော်မတီက စိတ်ဝင် စားသော လုပ်ငန်းရှင်များကို မ တည်ရင်းနှီးငွေထည့်ဝင်ရန် သြဂုတ်၁၄ ရက် နောက်ဆုံးထားခေါ်ယူခဲ့ ရာ လုပ်ငန်းရှင် ၂၆ ဦးက ထည့်ဝင်ခဲ့ပြီး တစ်ဦးလျှင် မတည်ရင်းနှီးငွေ ကျပ်သိန်းလေးထောင်ပေးသွင်း ထားကြောင်း သိရသည်။

‘‘မတည်ရင်းနှီးငွေထည့်ဖို့ သြဂုတ် ၁၄ ရက်ကို နောက်ဆုံး ထားသတ်မှတ်ထားပေမယ့်လည်း နောက်ထပ် မတည် ရင်းနှီးငွေ ထည့်ဝင်ချင်တဲ့ လုပ်ငန်းရှင်တွေ ကိုလည်း ဖိတ်ခေါ်ပါတယ်။ မ တည် ရင်းနှီးငွေ ထည့်ဝင်မှုကို အောက်တိုဘာ ၃၁ ရက် သတ်မှတ်ထားတာမရှိပါဘူး’’ဟု ကျောက် မျက်နှင့် သတ္တုသယံဇာတဖွံ့ဖြိုး ရေးဘဏ် အများနှင့် သက်ဆိုင် သော ကုမ္ပဏီလီမိတက်ဖွဲ့စည်း ထူထောင်မှတ်ပုံတင်ရန် လုပ်ငန်း ဖြစ်မြောက်ရေးဦးဆောင်ကော်မ တီဝင် ဦးသက်နိုင်က ပြောသည်။

ယင်းကုမ္ပဏီမှတ်ပုံတင်ရရှိ သည်နှင့် ဘဏ်လုပ်ငန်းလိုင်စင် လျှောက်ထားမည် ဖြစ်ပြီး ဘဏ် တည်ထောင်ပြီးလျှင် နောက်တစ် ဆင့်အနေဖြင့် အများပြည်သူများ ကို ရှယ်ယာများထည့်ဝင်ရန် ဖိတ် ခေါ်မည်ဟု ဆိုသည်။

မကြာမီတည်ထောင်မည့် ကျောက်မျက်နှင့် သတ္တုသယံဇာ တဖွံ့ဖြိုးရေးဘဏ်သည် ကျောက် မျက်၊ ရွှေ၊ သတ္တုလုပ်ငန်းရှင်များ ၏ လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန် ပံ့ ပိုးပေးမည် ဖြစ်သည်။

‘‘ဒီဘဏ်ဖွင့်ဖို့ လျာထားတဲ့ နေရာက ကမ္ဘာအေးစေတီလမ်း မှာရှိတဲ့ မြန်မာ့ကျောက်မျက်ရတ နာရောင်းဝယ်ရေးလုပ်ငန်းရုံး ဖြစ် တယ်’’ ဟု ဦးသက်နိုင်က ပြော ကြားသည်။

Credit To >>> 7Day News

0 comments:

Post a Comment