Tuesday, August 25, 2015

မန္တလေးကုန်စည်ဒိုင်တွင် တရုတ်ကုန်သည်များ လာရောက်လိမ်လည်မှုမရှိကြောင်း သတင်းထုတ်ပြန်


မန္တလေးမြို့ ပွဲစားကုန် သည် စက်ပိုင်များ မဟာကထိန် တော်အသင်း(မန်းကုန်စည်ဒိုင်) တွင် တရုတ်နိုင်ငံမှကုန်သည်များ လာရောက်လိမ်လည်သွားသည် ဆိုသည့်သတင်းမှာ မဟုတ်မှန် ကြောင်း  ကုန်စည်ဒိုင်  သတင်း ထုတ်ပြန်ရေးအဖွဲ့ကပြောသည်။

ပြည်တွင်းထုတ်ဂျာနယ်တစ် စောင်တွင် တရုတ်ကုန်သည်များ ပဲဖိုးငွေလာရောက်လိမ်လည်သွား သည်ဆိုသော အသင်းသားတစ်ဦး ၏ပြောစကားသည် မှန်ကန်မှုမရှိ ကြောင်း အသင်းတာဝန်ရှိသူများ ကပြောသည်။ ပြည်ပကုန်သည်များသည်  ဒိုင်အတွင်းသို့  ဧည့်ကတ်ဖြင့် ၀င်ရောက်ရပြီး အသင်းသားမှတစ်ဆင့်သာ အရောင်းအ၀ယ်ပြုလုပ်ကာ ကိုယ်တိုင်လုပ်ကိုင်ခွင့်မရှိကြောင်း   အသင်းဒုဥက္ကဋ္ဌ ဦးချွန်ကပြောသည်။
‘‘အပြင်မှာဖြစ်နေတာက တော့ အသင်းနဲ့မဆိုင်ဘူး။ ဒိုင်ထဲ မှာတော့ ဧည့်သည်က၀ယ်သွားလို့ ရှင်းရတာမျိုးမရှိဘူး။ ကြိုရောင်း ကြိုဝယ်လုပ်လို့ ရှင်းရတာမျိုးပဲရှိ တယ်’’ ဟု ၎င်းကပြောသည်။
ဒေါ်လာဈေးတက်ခြင်း၊ ဘဏ်ကောလာဟလများဖြစ်ပေါ် ခြင်းနှင့်အတူ တရုတ်ကုန်သည် များ လာရောက်လိမ်လည်သွား သည်ဆိုသည့် သတင်းများ ကြောင့် ကုန်သည်များ စိုးရိမ် စိတ်များဖြစ်ပေါ်ကာ မရောင်းရဲ၊ မ၀ယ်ရဲဖြစ်နေသည်ဟု အထွေ ထွေအတွင်းရေးမှူး ဦးအောင်ဆွေ ဟိန်းကပြောသည်။
ကုန်စည်ဒိုင်အတွင်း တရုတ် ကုန်သည်များ လာရောက်လိမ် လည်သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်း မရှိသော်လည်း ကုန်ဖိုးငွေသိန်း တစ်သောင်းခန့် ပေးချေခြင်းမပြု သည့်ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပြီး လာရောက်တိုင်ကြားခြင်းမရှိ၍ အရေးယူနိုင်ခြင်းမရှိကြောင်းကုန် စည်ဒိုင် သတင်းထုတ်ပြန်ရေးအ ဖွဲ့ကပြောသည်။
ရမည်းသင်း၊ တပ်ကုန်း၊ ပျော်ဘွယ်၊ ပျဉ်းမနား၊ ပခုက္ကူ၊ မုံ ရွာ အစရှိသည့်မြို့နယ်များမှ ကုန် သည်များက ကုန်စည်ဒိုင်အသင်း ၀င်တစ်ဦးထံမှ ငွေကြေးရရန်ရှိ၍ ဖုန်းဖြင့် စုံစမ်းမှုများရှိကြောင်း၊ သို့သော် အသင်းတိုက်တွင် ကုန် သည်ထွက်ပြေးခြင်းမရှိသည့်အ ပြင် အသင်းကိုလည်း တိုင်ကြား ခြင်းမရှိသေးကြောင်း ယင်းအဖွဲ့ ၀င်များကပြောသည်။
မန္တလေးမြို့ ပွဲစားကုန်သည် စက်ပိုင်များ မဟာကထိန်တော်အ သင်း (မန်းကုန်စည်ဒိုင်)သို့ နေ့စဉ် တရုတ်ကုန်သည် ခြောက်ဦးခန့် လာရောက်အရောင်းအ၀ယ်ပြု လုပ်နေကြကြောင်း သတင်းရရှိ သည်။

Credit To >>> 7Day News 

0 comments:

Post a Comment