
ဇူလိုင်လ ၁၄ ရက်နေ့ ညနေ ၆ နာရီခန့်က ဖြစ်ပွားခဲ့တဲ့ အမှုမှာ KTV က မကြေနပ်မှုကြောင့် ဦးသန်းထွဋ်အောင်ရဲ့ ကားကို ကုန်းသီးနဲ့ ပစ်ခဲ့တာဖြစ်ကြောင်း တရားခံများက ဒီကနေ့ထွက်ဆိုလိုက်ကြောင်း သတင်းရရှိပါတယ်။ မြောက်ဥက္ကလာပရှိ တည်းခိုရေးစခန်းမှာ စစ်ဆေးစဉ် တရားခံများက အခုလို ထွက်ဆိုခဲ့တာပါ။
Eleven Media Group မှ CEO ဖြစ်သူ ဦးသန်းထွဋ်အောင်မှာ ရန်ကုန်မြို့ရှိ KTV တစ်ခုမှ အမျိုးသမီးငယ်တစ်ဦးအား ငွေကြေးများပုံအောပေးကာ စည်းရုံးသိမ်းသွင်းခဲ့ခြင်းအပေါ် ကာယကံရှင် အမျိုးသမီးငယ်နဲ့ သက်ဆိုင်သူများက မကျေနပ်သဖြင့် အခုလို ပစ်ခတ်ခဲ့တာဖြစ်ကြောင်း တရားခံများက ထွက်ဆိုပါတယ်။
ယင်းအမှုနဲ့ပတ်သက်ပြီး အရေးယူပေးရန် ဗဟန်းမြို့မရဲစခန်းသို့ ဦးသန်းထွဋ်အောင်မှ အခင်းဖြစ်ပွားတဲ့နေ့က တိုင်ကြားခဲ့သော်လည်း ယခုအခါ တိုင်ကြားချက်ကို ပြန်လည်ရုပ်သိမ်းဖို့ ညှိနှိုင်းနေကြောင်း သိရပါတယ်။
ဇူလိုင်လ ၁၄ ရက်နေ့က ဗဟန်းမြို့နယ်၊ ဦးချစ်မောင်လမ်းအတိုင်း တာမွေအ၀ိုင်းဘက်မှ ပြည်ထဲရေးမီးပွိုင့်ဘက်သို့ မောင်းနှင်လာစဉ် ဦးချစ်မောင်လမ်းနှင့် မင်းလမ်း ထိပ်အရောက်တွင် KTV မှ အမျိုးသမီးငယ်နှင့် ပတ်သက်သူများက လမ်းတစ်ဘက်မှ သန်းထွဋ်အောင်၏ LEXUS ကိုယ်ပိုင်ယာဉ်အား လေးခွကုန်းသီးဖြင့် ပစ်ခတ်ခဲ့ပါတယ်။ ပစ်ခတ်ခံရပြီး အချိန်ပိုင်းအတွင်း Eleven Media Group ရဲ့ Facebook တွင် ဦးသန်းထွဋ်အောင်ကို အသက် ၂၅ နှစ်နဲ့ ၃၀ အကြား အမျိုးသား ၅ ဦးမှ ၂ ပေအကွာမှ ကုန်းသီးနှင့် ကပ်ပြီးပစ်ခဲ့ကြောင်း၊ ဦးခေါင်းကို တည့်တည့်ချိန်ပစ်တာဖြစ်ပြီး Eleven Media Group ၏ ရပ်တည်ချက်ကို တားဆီးကြခြင်းဖြစ်ကြောင်း၊ နိုင်ငံရေးလုပ်ကြံမှုဆိုပါက ၎င်းပြီးလျှင် ဒေါ်အောင်ဆန်းစုကြည် အတွက် စိုးရိမ်ရကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။
Credit to >>> Myanmar Express
Thursday, July 16, 2015
KTV က မကျေနပ်မှုကြောင့် ဦးသန်းထွဋ်အောင် ကို ကုန်းသီးဖြင့်ပစ်ခဲ့ဟု တရားခံများထွက်ဆို
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment