Friday, July 17, 2015

သဘာဝဓာတ်ငွေ့ရောင်းရငွေ တစ်ရက် ဒေါ်လာ လေးသန်းခန့် လျော့ကျ

ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ဈေးကျဆင်းမှုကြောင့် သဘာဝဓာတ်ငွေ့မှ ရရှိသည့် တိုင်းပြည်ဝင်ငွေသည် တစ်ရက် လျှင် အမေရိကန်ဒေါ်လာ လေး သန်းခန့် ၀င်ငွေလျော့ကျနေပြီး ထိုသို့လျော့ကျမှုသည် ယခုနှစ် ကုန်ပိုင်းအထိ ဖြစ်ပေါ်မည်ဟု စွမ်းအင်ဝန်ကြီးဌာနမှ သတင်း ရရှိသည်။

သဘာဝဓာတ်ငွေ့တစ်ကုဗ ပေလျှင် ကန်ဒေါ်လာ ၁၂ ဒေါ်လာဖြင့် ရောင်းချနေရာမှ ယခုအခါ၉ ဒသမ ၆ ဒေါ်လာဖြင့် ရောင်းချနေရကြောင်း မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ တာ ၀န်ရှိသူတစ်ဦးက ပြောသည်။
ဓာတ်ငွေ့ဈေးနှုန်းမှာ ယခု နှုန်းအတိုင်း နှစ်ကုန်ပိုင်းအထိ ရှိနိုင်ပြီး သဘာဝဓာတ်ငွေ့မှရရှိမည့်ဝင်ငွေသည်  ဆက်လက်ကျဆင်းနေမည်ဟု ၎င်းကဆက်လက်ပြော သည်။ဘဏ္ဍာရေး ကော်မရှင်၏ ၁/၂၀၁၅ ကြိမ်မြောက် အစည်း အဝေးတွင် သမ္မတ ဦးသိန်းစိန်က ကမ္ဘာ့ရေနံဈေး ကျဆင်းသဖြင့် တိုင်းပြည်ဝင်ငွေ အများဆုံးရရှိ သော သဘာဝဓာတ်ငွေ့မှ ၀င်ငွေ ကျဆင်းလာကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် ဓာတ်ငွေ့ဝယ်ယူသည့် နိုင်ငံများနှင့် စာချုပ်ချုပ်ဆိုရာတွင် ရေနံဈေးနှုန်းပေါက်ဈေးကို အခြေခံ၍ ဓာတ်ငွေ့ဈေးနှုန်းကို သုံးလ တစ်ကြိမ် သတ်မှတ်ပြီး သတ်မှတ်ထားသည့်သုံးလအတွင်း ကမ္ဘာ့ရေနံဈေးကွက်၌ ထူးခြားသည့် ဈေးနှုန်းအပြောင်းအလဲရှိလာပါက နှစ်ဦးနှစ်ဖက် သဘောတူညီချက်ဖြင့် သုံးလမပြည့်မီ စာချုပ်ပြင်ဆင် ချုပ်ဆိုခွင့်ရှိသည်ဟု ဖော်ပြထား သည်။
မြန်မာနိုင်ငံမှ ရောင်းချသော ဓာတ်ငွေ့ဈေးနှုန်းများကို လက်ရှိ ဈေးကွက်တွင် ဈေးပေါက်နေ သည့် မီးထိုးဆီဈေးနှုန်း၊ စားသုံး သူကပေးရမည့် ဈေးနှုန်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်းသုံး ဈေးနှုန်းပေါ်မူတည်၍ တွက်ချက် ခြင်းဖြစ်ကြောင်း စွမ်းအင်စီမံကိန်း ဦးစီးဌာန ဒုညွှန်ကြားရေးမှူးချုပ် ဦးဝင်းမော်က ပြောသည်။
လက်ရှိမြန်မာ့ကမ်းလွန်ပင် လယ်ပြင်တွင် ရဲတံခွန်၊ ရတနာ စီမံကိန်းအပြင် ရွှေ၊ ဇောတိက သဘာဝဓာတ်ငွေ့လုပ်ကွက်များ မှ တရုတ်နှင့် ထိုင်းနိုင်ငံသို့ ဓာတ် ငွေ့များတင်ပို့ရောင်းချနေသည်။ ဓာတ်ငွေ့တင်ပို့ရောင်းချမှုမှ တစ် ပတ်လျှင် အမေရိကန်ဒေါ်လာ သန်း ၄၀ ကျော်ရရှိသည်ဟု သိရ သည်။
ယခုနှစ်ဆန်းပိုင်းတွင် လွှတ် တော်မှတစ်ဆင့် နိုင်ငံ့ဝန်ထမ်းများ လစာတိုးမြှင့်ရေး၊ လွှတ်တော် ကိုယ်စားလှယ်များ ချီးမြှင့်ငွေနှင့် စရိတ်များတိုးမြှင့်ရေး၊ ပညာရေး နှင့် ကျန်းမာရေးကဏ္ဍများ တိုးမြှင့်သုံးစွဲရေးတို့ကို တောင်းဆိုခဲ့သဖြင့် သဘာဝဓာတ်ငွေ့မှ ၀င်ငွေကျ ဆင်းနေသည့်အကြောင်းကို သမ္မတက ထုတ်ဖော်ပြောကြားခဲ့ခြင်း ဖြစ်သည်။
Credit to >>>7Day Daily

0 comments:

Post a Comment