Thursday, July 23, 2015

"ကိုရီးယားရောက် မြန်မာများ အသည်းကြားက မဲတစ်ပြားကို စမတ်ဖုန်းဖြင့် ပေးပို့နိုင်ပြီ"


ကိုရီးယားနိုင်ငံတွင် အကြောင်း အမျိုးမျိုးဖြင့် သွား ရောက် နေထိုင်လျက် ရှိကြသော မြန်မာနိုင်ငံသား များအနေနှင့် မိမိတို့ မဲပေးလိုသည့် မည်သူ့ကို မဆို စမတ်ဖုန်းအား အသုံးပြုကာ ကြိုတင် မဲပေးနိုင်ပြီ ဖြစ်သည်။

ဦးစွာ ပထမ ကြိုတင်မဲပေးရာ တွင် ဖြည့်စွက် ရမည့် ပုံစံ(၁၅) ဖောင်အား Play Store တွင် နှစ်သက်ရာ Photo Editor တစ်ခုကို ရွေးချယ် ၍ ထည့်သွင်း ထားရမည် ဖြစ်သည်။ ထို့နောက် စာရိုက်ရန် အတွက် Text ကို နှိပ်ပြီးနောက် ဖောင်တွင် ဖြည့်စွက်ရမည့် အ ချက် အလက် များအား ပြည့်စုံစွာ ရေးသားဖြည့်သွင်း ရမည်ဖြစ်သည်။ အချက်အလက် များ ဖြည့် သွင်းပြီးနောက် မိမိ၏ လက်မှတ် ကို လက်သည်း (သို့မဟုတ်) ဖုန်း Pen ကို သုံး၍ ရေးထိုးရမည်။
အထက်ပါ အချက်အလက် များဖြင့် ပြီးပြည့်စုံနေပြီ ဖြစ်သည့် ပုံစံ(၁၅) ဖောင် အား Viber ကို အသုံးပြု၍ ဝ၁ဝ-၇၁၅၅-၆၅၈၁ သို့ပေးပို့ ရမည်ဖြစ်သည်။ ကြိုတင် မဲပေးသူ၏ နေရပ်လိပ်စာ အပြည့်အစုံ ကိုလည်း ကိုရီးယားဘာသာ (သို့မဟုတ်) အင်္ဂလိပ် ဘာသာ ကို အသုံးပြု ကာ ရေးပို့၍ ဆက် သွယ်ရန် ဖုန်းနံပါတ်ကိုမူ မပါ မဖြစ် ထည့်သွင်း ပေးပို့ကြရမည် ဖြစ်သည်။
အဆိုပါ ကြိုတင်မဲပေးသည့် အစီအစဉ်တွင် ကိုရီးယားနိုင်ငံ၌ အိုဗာစတေး နေထိုင်သူများ၊ ပတ်စ်ပို့ တွင် အမည်၊ အသက် စသည့် ပြင်ဆင် ထား သူများလည်း ပါဝင် နိုင်မည်ဖြစ်ကာ မိမိ၏ ကိုယ်ရေး အချက်အလက် အမှန် အား ပုံစံ (၁၅) တွင် ဖြည့်စွက်ပေး ပို့ကြရမည် ဖြစ် သည်။
ယင်းနောက် ကြိုတင် မဲပေးသည့် နေ့တွင် မိမိ၏ မြန်မာနိုင်ငံသား မှတ်ပုံတင် ကတ် ကို ပြသကာ ကြိုတင် ဆန္ဒမဲကို စိတ်ချ လက်ချပေးနိုင် ကြပြီ ဖြစ်သည်။
Credit to >>>Popular Myanmar News

0 comments:

Post a Comment