
အကြီးစား ခွဲစိတ်ကုသမှုတွေ ပြုလုပ်တော့မယ်ဆိုရင် မေ့ဆေးပေးလေ့ရှိပါတယ်။ ဒါကြောင့် ခွဲစိပ်ခံရတဲ့လူနာဟာ ခွဲစိတ်မှုပြုလုပ်နေစဉ် အတောအတွင်း ဘာကိုမှ သိရှိတော့ခြင်းမရှိပါဘူး။ ဒါပေမဲ့ တရုတ်နိုင်ငံမှာတော့ အသက် (၄၆)နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးဟာ ဦးနှောက်ကို ခွဲစိတ်မှု ပြုလုပ်ရာမှာ စကားတွေပြောဆိုခဲ့တဲ့အပြင် လက်ကိုပါလှုပ်ရှားမှု ပြုလုပ်ခဲ့တာမို့ အံ့အားသင့်စရာ ဖြစ်ခဲ့ပါတယ်။
ဒါကို တရုတ်နိုင်ငံက ရုပ်သံမီဒီယာတွေမှာ ဖော်ပြခဲ့ကြပါတယ်။ ရှန်ဇီဒေသမှာရှိတဲ့ ဆေးရုံတစ်ရုံမှာ ခွဲစိတ်ကုသမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ လူနာဟာ ဦးနှောက်မှာ အကြိတ်တည်နေခြင်း ဖြစ်ပါတယ်။ ဒါကိုဖယ်ရှားဖို့ ခွဲစိတ်ကုသမှု ပြုလုပ်စဉ်မှာ လူနာဟာ Tablet ကို လက်နဲ့ လှုပ်ရှားမှုပြုလုပ်ပြီး စကားပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီလိုပြောဆိုရာမှာ တရုတ်နိုင်ငံမှာ လတ်တလော လူပြော အများဆုံးဖြစ်နေတဲ့ စတော့ရှယ်ယာ အကြောင်းတွေကိုလည်း မေးမြန်းမှု ပြုလုပ်ခဲ့ပါတယ်။ ခွဲစိတ်ကုသမှုက စုစုပေါင်း (၃)နာရီနီးပါး ကြာမြင့်ခဲ့ပါတယ်။ ခွဲစိတ်မှု ပြုလုပ်စဉ်မှာ လူနာဟာ စကားတွေကို အဆက်မပြတ် ပြောဆိုခဲ့ပါတယ်။
ဆရာဝန်တွေရဲ့အဆိုအရတော့ ခွဲစိတ်မှုပြုလုပ်စဉ် စကားပြောဆိုနိုင်တဲ့နေရာကို ထိခိုက်မှုဖြစ်သွားမှာကို စိုးရိမ်တာကြောင့် လူနာကို စကားပြောဆိုမှုတွေ အဆက်မပြတ် ပြုလုပ်ခိုင်းခြင်း ဖြစ်တယ်လို့ သိရပါတယ်။ ဆရာဝန်တစ်ဦးက လူနာဟာ ခွဲစိပ်မှုပြုလုပ်စဉ်မှာ မည်သည့်ဝေဒနာကိုမျှ ခံစားရခြင်းမရှိကြောင်း၊ စကား ပြောဆိုမှုပြုလုပ်ရာမှာ ရှယ်ယာအကြောင်း တွေလည်းပါဝင်ကြောင်း ပြောကြားခဲ့ပါတယ်။ ဦးနှောက် အတွင်းမှာရှိနေတဲ့ အမှတ်အသားတွေ ပျောက်ကွယ်သွားခြင်းမရှိအောင် လူနာကို စကားပြောနေစဉ် အတွင်း ခွဲစိတ်မှုပြုလုပ်ခြင်း ဖြစ်ပါတယ်။ ဒီလိုကုသမှုကို အရင်ကလည်း ပြုလုပ်ခဲ့ဖူးပါတယ်။ အသက် (၃၃)နှစ်အရွယ် ဘရာဇီးနိုင်ငံက ဘဏ်ဝန် ထမ်းတစ်ဦးဟာ ခွဲစိတ်မှုပြုလုပ်စဉ်အတွင်းမှာ ဂစ်တာနဲ့ သီချင်းဆိုမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Credit to : The Messenger News Journal
0 comments:
Post a Comment