Tuesday, July 14, 2015

နိုင်ငံခြားငွေလဲနှုန်း တည်ငြိမ်ဖို့ ဘဏ်တွေကို နိုင်ငံတကာ လုပ်ထုံးလုပ်နည်းနဲ့အညီ ဗဟိုဘဏ်က တင်းကျပ်မယ်

နိုင်ငံခြားငွေလဲဈေးနှုန်း တည်ငြိမ်စေဖို့အတွက် ဘဏ်တွေ လိုက်နာရမယ့် စည်းကမ်းတွေကို နိုင်ငံတကာ လုပ်ထုံးလုပ်နည်းနဲ့အညီ ဗဟိုဘဏ်က တင်းကြပ်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒေါ်လာငွေလဲနှုန်းမြင့်တက်မှုကြောင့် ငွေကြေးဖောင်းပွမှုနဲ့ အဲဒါကြောင့်
ပြည်တွင်းကျပ်ငွေအပေါ်မှာ သက် ရောက်လာတဲ့ ဖိအားတွေကို လျော့ကျစေ ဖို့အတွက် ဗဟိုဘဏ်အနေနဲ့ ငွေကြေးမူဝါဒကို ကျင့်သုံးပြီး ဈေးကွက် အတွင်း ရှိ ကျပ်ငွေကို ပိုမို နုတ်ယူတာတွေ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ဒါ့ပြင် ဘဏ်တွေ လိုက်နာရမယ့် စည်းကမ်းတွေကိုလည်း နိုင်ငံတကာလုပ်ထုံး လုပ်နည်းနဲ့အညီ တင်းကျပ် သွားမှာဖြစ်ပြီး ချေးငွေ အလွန်အကျွံ မြင့်တက် မှုနှုန်း ထိန်းချုပ်တဲ့လုပ်ငန်းကိုလည်း ဗဟိုဘဏ်က ဆောင်ရွက်သွားမယ်လို့
ထုတ်ပြန်ထားပါတယ်။
မနေ့က ဗဟိုဘဏ်ဟာ နိုင်ငံခြားငွေ ရည်ညွှန်းသတ်မှတ်နှုန်းကို အရင် ကျပ် ၁၁၂၅ ကနေ ကျပ် ၁၂၀၀ အထိ တိုးမြှင့်သတ်မှတ်ခဲ့ပြီး ဗဟိုဘဏ်က သတ် မှတ်တဲ့ ငွေလဲနှုန်းနဲ့ ပြင်ပဈေးကွက်ပေါက်ဈေး ကွာဟမှုကို ကျဉ်းမြောင်းစေဖို့
ဆောင်ရွက်ခဲ့ပါတယ်။
အရင်က ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ ကန်တစ်ဒေါ်လာ ငွေလဲနှုန်းဟာ ကျပ် ၁၁၂၅ သတ်မှတ်ထားချိန်မှာ ပြင်ပဈေးကွက်မှာ ကျပ် ၁၂၀၀ ကျော် ဈေး
ပေါက်ခဲ့ပါတယ်။ ဗဟိုဘဏ် နိုင်ငံခြားငွေ ရည်ညွှန်းသတ်မှတ်နှုန်းကို ကျပ် ၁၂၀၀ အဖြစ် ပြင်ဆင်သတ်မှတ်လိုက်တဲ့ ဇူလိုင် ၁၃ ရက် နေ့လယ်ပိုင်းအချိန် မှာ ပြင်ပပေါက်ဈေးမှာ ကျပ် ၁၂၁၀ ကျော်ဖြစ်ပေမယ့် ညနေပိုင်းအချိန်မှာ ပြင်ပ
ပေါက် ဈေးနှုန်းမှာ ဆက်လက်မြင့်တက်ခဲ့ကာ ကျပ် ၁၂၄၀ ၀န်းကျင်အထိ ဖြစ်
ပေါ်ခဲ့ပါတယ်။
ဗဟိုဘဏ်အနေနဲ့ နိုင်ငံခြားငွေလိုအပ်ချက်များပြားမှု မဖြစ်စေဖို့အတွက်
ပြည်ပကနေ စက်သုံးဆီ၊ စားသုံးဆီ တင်သွင်းသူတွေ လိုအပ်တဲ့ ဒေါ်လာ ပမာဏကိုလည်း ရောင်းချပေးနေပါတယ်။ 
Credit to : SFJ Weekly

0 comments:

Post a Comment