
တရားမဝင်ကိုင်ဆောင် ထားသောလက်နက်ခဲယမ်းများနှင့်ဆက် စပ်ပစ္စည်းများအား နီးစပ်ရာရဲစခန်းသို့ အ မြန်ဆုံးအပ်နှံကြရန် ပြည်ထဲ ရေးဝန်ကြီးဌာန မှ ဒုတိယအကြိမ်ထုတ်ပြန်လိုက်သည်။
လက်ရှိကျင့်သုံးလျက်ရှိသော လက်နက်ကိုင်ဆောင်ခွင့်မူအရ လေသေနတ် အပါအဝင် သေနတ်များအားလုံးကိုလိုင်စင် ဖြင့်သာကိုင်ဆောင်ခွင့်ပြုသဖြင့် တရားမဝင် လက်နက်ခဲယမ်းများအား နီးစပ်ရာတပ်၊ ရဲစခန်းများ၊ ရဲတပ်ဖွဲ့ရုံးများသို့ အမြန်ဆုံး လာရောက်အပ်နှံကြရန်နှင့် လာရောက်အပ် နှံခြင်းမပြုဘဲလက်ဝယ်ထားရှိ၍ စုံစမ်းဖော် ထုတ်ရရှိပါက တရားဥပဒေအရအရေးယူ သွားမည်ဖြစ်ကြောင်း ဇူလိုင် ၃ရက်ကထုတ် ပြန်ထားသည်။
''အရင်က ထုတ်ပြီးသားပါ။ မန္တ လေးမှာမိတော့ထပ်ထုတ်ဖို့လိုမယ်ဆိုပြီး ထုတ်လိုက်တာပါ။ နောက်ဆိုအရေးယူခံရ တော့မှာပါ။ တချို့လဲရိုးရိုးသားသားလက် ဝယ်ထားရှိတဲ့သူတွေ ဥပဒေနဲ့ ငြိစွန်းနေမှာ စိုးလို့ပါ။ တချို့ကဘိုးဘွားစဉ်ဆက်ကတည်း ကထားရှိတာတွေရှိတယ်လေ။ တိုင်းရင်း သားဒေသတွေမှာတော့ ရိုးရာအရကိုင်တာ တွေတော့ရှိတယ်။ ဒါပေမဲ့ဒါတွေတော့သိပ် အကျုံးမဝင်ဘူးပေါ့။ ဒီအတွက်ဥပဒေကို ပြန်ပြင်ဖို့လဲ ရှိပါတယ်''ဟု မြန်မာနိုင်ငံ ရဲ တပ်ဖွဲ့(ဗဟို)မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။
ပြီးခဲ့သည့်နှစ်က တာမွေမြို့နယ် တွင်လေသေနတ်များဖမ်းမိသောကြောင့် တစ်ကြိမ်ထုတ်ပြန်ခဲ့ပြီး ပြီးခဲ့သည့် ရက်ပိုင်း အတွင်း မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန် တိုင်းဒေသကြီးအတွင်းမှ သေနတ်အမျိုးမျိုး နှင့် လက်နက်ခဲယမ်းများဖမ်းမိခြင်းကြောင့် ထပ်မံ၍ထုတ်ပြန်ခြင်းဖြစ်ကြောင်းသိရသည်။
လေသေနတ်ဆိုလျှင် ယခင်က နံပါတ်ဝမ်းကို တရားဝင်ကိုင်ခွင့်ပြုထားပြီး နံပါတ်တူးဆိုလျှင် လိုင်စင်ဖြင့်သာကိုင်ဆောင် ခွင့်ပြုထားသော်လည်း ၁၉၈၈ခု နှစ်နောက် ပိုင်းမှစ၍မည်သည့်လေသေနတ်မှ တရား ဝင်ကိုင်ဆောင်ခွင့်မပြုတော့ကြောင်း သိရ သည်။
တရားမဝင်လိုင်စင်မဲ့လက်နက် ကိုင်ဆောင်မှုနှင့်ပတ်သက်၍ ၁၈၇၈ ခုနှစ် လက်နက်များအက်ဥပဒေပုဒ်မ ၁၉ အရ အလုပ်ကြမ်းနှင့်ထောင်ဒဏ်သုံးနှစ် ထက်မ နည်း ခုနစ်နှစ်ထက်မပိုသော ထောင်ဒဏ်ချ မှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားပြီး ၁၉၅၁ခုနှစ် လက်နက်များ(ယာယီ) ပြင်ဆင်ချက်အက် ဥပဒေ ၁၉-ကအရ အလုပ်ကြမ်းနှင့်ထောင် ဒဏ်သုံးနှစ်ထက်မနည်း ခုနစ်နှစ်ထက်မပို သောထောင်ဒဏ်များချမှတ်နိုင်ကြောင်း သိရသည်။
ယင်းသို့သော ခဲသီး၊ ဘောစေ့၊ ကော်သီး၊ ခဲကျည်မည်သည့်ကျည်အမျိုးအ စားမဆိုထည့်သွင်းအသုံးပြုနိုင်သည့် လက် နက်များအားလာရောက်အပ်နှံကြရန် ပြီးခဲ့ သည့်နှစ်သြဂုတ်လက တစ်ကြိမ်ထုတ်ပြန် ထားခဲ့သည်။
ယင်းထုတ်ပြန်ချက်တွင်လေ သေနတ်တချို့မှာ ခဲကျည်များထည့်သွင်း ကပစ်ခတ်နိုင်သည့်သေနတ်အစစ်များဖြင့် ပုံစံဆင်တူခြင်းကြောင့် မလိုလားအပ်သော ဆင်တူယိုးမှားမှုခင်းများမဖြစ်ပေါ်ရန်နှင့် အဆိုပါလေသေနတ်များမှာသတ်မှတ်ထား သော အကွာအဝေးထက်ပို၍ နီးကပ်စွာအ သုံးပြုပါကအသက်သေစေနိုင်သောကြောင့် ဖြစ်ကြောင်းသိရသည်။
Credit to>>> Yangon Media
Monday, July 6, 2015
လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများအား နီးစပ်ရာရဲစခန်းသို့ အမြန်ဆုံးအပ်နှံကြရန် ပြည်ထဲရေးမှ ဒုတိယအကြိမ်ထုတ်ပြန်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment