၂၀၁၅ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့ ညနေ ၅ နာရီတွင် မင်္ဂလာဒုံမြို့နယ်
ရဲတပ်ဖွဲ့မှ လှည့်ကင်းတာဝန် ထမ်းဆောင်နေစဉ် မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာဝန်း၊
အိုးအိမ်(၆)လမ်းသွားလမ်းပေါ် (Map-130၊ B-1) ၌ KIA BONGO အမျိုးအစား
ကွန်တိန်နာဘောက် အဖြူရောင်ယာဉ် ၁ စီးအား ပိုင်ရှင်မဲ့ ရပ်တန့်ထားလျက်
မင်္သကာဖွယ် တွေ့ရှိသဖြင့်
သက်သေများနှင့်အတူ စစ်ဆေးခဲ့ရာ
ကွန်တိနာဘောက်အတွင်းမှ တစ်အိတ်လျှင် ဆေးပြား ၃ သိန်းဖြင့် ဆာလာအိတ် ၈၈
အိတ်အတွင်းမှ WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၂၆၄ သိန်းပြား၊
ကျွတ်ကျွတ်အိတ် ၃ အိတ်အတွင်းမှ WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား
၂ သိန်း ၅ သောင်းပြား၊ စုစုပေါင်းဆေးပြား ၂၆၆ သိန်း ၅ သောင်းပြား၊
ခန့်မှန်းတန်ဖိုး ကျပ်သိန်းပေါင်း ၁၃၃၂၅၀၀ သိန်းခန့်အား ပိုင်ရှင်မဲ့
သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။
Credit to >>>Myawady
Monday, July 27, 2015
ပိုင်ရှင်မဲ့ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment