Monday, July 20, 2015

ကျူးဘားနဲ့ အမေရိကန် သံရုံးတွေ ပြန်ဖွင့်


ကျူးဘားနဲ့ အမေရိကန် နှစ်နိုင်ငံကြား ပုံမှန် သံတမန်ဆက်ဆံရေး ပြန်လည်ထူထောင်ပြီးနောက် နှစ်နိုင်ငံရဲ့ သံရုံးအသီးသီးကို ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနဲ့ ကျူးဘားနိုင်ငံခြားရေးဝန်ကြီး Bruno Rodriguez တို့ဟာ ၀ါရှင်တန်မှာ တွေ့ဆုံဆွေးနွေးဖို့ ရှိပါတယ်။

သမိုင်းတွင်တဲ့ အပြောင်းအလဲတရပ်ကို နှစ်နိုင်ငံကြား သဘောတူ ဆောင်ရွက်နိုင်ခဲ့ပေမယ့် သဘောတူညီမှု မရရှိသေးတဲ့ အကြောင်းကိစ္စတွေ ရှိနေသေးတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။
အမေရိကန် နိုင်ငံသားတွေ ကျူးဘားကို သွားရောက်နိုင်ခွင့် ကန့်သတ်ချက်နဲ့ အမေရိကန် ကုမ္ပဏီတွေ ကျူးဘားမှာ စီးပွားရေးလုပ်ကိုင်ခွင့် တားမြစ်ချက်တွေပါဝင်တဲ့ အမေရိကန် ကုန်သွယ်ရေး ပိတ်ဆို့မှုတချို့လည်း ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။
အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့ထားမှုကြောင့် ကျူးဘားမှာ စီးပွားရေး အကြီးအကျယ် ထိခိုက်ရတယ်လို့ ကျူးဘားဘက်က ပြောကြားခဲ့ပြီး ပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးဖို့ အမေရိကန် သမ္မတအိုဘားမားကို ကျူးဘားသမ္မတ ရောင်း ကက်စ်ထရိုက တိုက်တွန်းပြောကြားခဲ့ပါတယ်။
ကျူးဘားနဲ့ အမေရိကန် နှစ်နိုင်ငံကြား နှစ်ပေါင်း ၅၄ နှစ်ကြာ ပိတ်ထားခဲ့တဲ့ သံရုံးတွေ ပြန်ဖွင့်ဖို့ အစီအစဉ်တွေကို အမေရိကန်သမ္မတ အိုဘားမားက ကြေညာခဲ့ပါတယ်။
Credit to>>>BBC

0 comments:

Post a Comment