သစ်ခိုးထုတ်မူဖြင့်တရားစွဲခံရသော တရုတ်နိုင်ငံသား ၁၅၀ ကျော်အနက် ၈၅ ဦးကို
ယနေ့ (ဇူလိုင်-၂၂)နံနက်က မြစ်ကြီးနားမြို့နယ်တရားရုံးတွင်
အမိန့်ချမှတ်လိုက်သည်။
၈၃ ဦးကို ထောင်ဒဏ်တစ်သက်တစ်ကျွန်းကျခံရန်
အမိန့်ချလိုက်ခြင်း ဖြစ်ပြီး ကျန် နှစ်ဦးမှာမူ အရွယ်မရောက်သေးများ ဖြစ်နေ၍
ထောင်ဒဏ်ဆယ်နှစ်ချမှတ်လိုက်ကြောင်း
မြစ်ကြီးနားမြို့နယ်တရားရုံးသို့ရောက်ရှိနေသည့်
ဝိုင်းမော်မြို့နယ်သတင်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
အမိန့်ချရန် ကျန်ရှိနေသေးသည့်သူများကိုမူ ညနေပိုင်းတွင် ဆက်လက်အမိန့်ချမှတ်မည် ဖြစ်ကြောင်း သိရသည်။
Credit to >>>7Day Daily
Wednesday, July 22, 2015
သစ်ခိုးထုတ်မှုဖြင့် တရားစွဲခံထားရသော တရုတ်နိုင်ငံသားအချို့ ထောင်ဒဏ်တစ်သက်တစ်ကျွန်းကျ "
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment