မြန်မာ-လာအို နယ်စပ်ဖြတ်ကျော် ချစ်ကြည်ရေးတံတား ဖွင့်လှစ်ခဲ့ပြီးနောက် မူးယစ်ဆေးဝါး မှောင်ခိုမှုတွေ ပိုမိုများပြားလာမှာကို စိုးရိမ်မှုတွေ မြင့်တက်လာနေပါတယ်။
မေ ၂ ရက်က ဖွင့်လှစ်ခဲ့တဲ့ ထိုင်း မြန်မာ တရုတ်ကို ချိတ်ဆက်ပေးမယ့် R3B လမ်းကြောင်းရဲ့ တစိတ်တပိုင်းဖြစ်တဲ့ ရှမ်းပြည်နယ် တာချီလိတ်နဲ့ လာအို လောင်နမ်သာ ခရိုင်ကို ချိတ်ဆက်ထားတဲ့ တံတားကြောင့် စီးပွားရေး အကျိုးအမြတ်တွေ ရလာမှာ ဖြစ်ပေမယ့် မူးယစ်ဆေးဝါး ကုန်သွယ်မှု ပြဿနာတွေ ဖြစ်လာနိုင်တယ်လို့ ထိုင်းအခြေစိုက် ဘန်ကောက်ပိုစ် သတင်းစာက ရေးပါတယ်။
အထူးသဖြင့် ရှမ်းပြည်မြောက်ပိုင်း မူးယစ်ဆေးဝါးမှောင်ခို ကွန်ယက်ကို ချစ်ကြည်ရေးတံတားက ကူညီပေးနေတယ်လို့ မြန်မာ့ မူးယစ်ဆေးဝါး တားဆီးနိုင်နှင်းရေး ဗဟိုကော်မတီက လက်ထောက် အတွင်းရေးမှူး ရဲမှူးကြီး ဦးမြင့်သိန်း ကို ကိုးကားပြီး သတင်းက ရေးပါတယ်။
တံတားဖွင့်လှစ်ပြီးတဲ့နောက်မှာတော့ မက်တာဖက်တမင်းချက်လုပ်ရာမှာ သုံးတဲ့ ကာဖိုင်း တွေ အမြောက်အမြား မှောင်ခိုတင်သွင်းခဲ့တယ်လို့ အမည်မဖော်လိုသူ အရာရှိတဦးကို ကိုးကားပြီး သတင်းက ဆိုပါတယ်။
ရာဘဆေးပြား သန်း ၅၀၀-၆၀၀အထိ ထုတ်လုပ်နိုင်တဲ့ ကာဖိုင်း အစေ့ တန်ချိန် ၂၁ တန်ကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။
ထိုင်းမူးယစ်ဆေးဝါးတားဆီးထိန်းချုပ်ရေး အဖွဲ့က အထွေထွေ အတွင်းရေးမှူး ပါဖောင် ချာဗာလစ်က R3Bနဲ့ R3A အဝေးပြေးလမ်းတွေက မူးယစ်ဆေးဝါး မှောင်ခိုသမားတွေ ကြိုက်တယ်လို့ ပြောပါတယ်။
အထက်မဲခေါင်နဲ့ ရွှေတြိဂံဒေသမှာ မူးယစ်ဆေးဝါး ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ဓာတ်ပစ္စည်းတွေကို ထိုင်း၊ မြန်မာ၊ လာအို၊ တရုတ်နိုင်ငံက ပူးပေါင်းပြီး တင်းတင်းကျပ်ကျပ်နှိမ်နှင်းမှုတွေ လုပ်ဆောင်နေပါတယ်။
Credit to>>>Democracy
Tuesday, June 23, 2015
မြန်မာ-လာအို ချစ်ကြည်ရေးတံတားကြောင့် မူးယစ်ဆေးဝါး မှောင်ခိုမြင့်တက်မည်ကို စိုးရိမ်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment