၂၀၁၅ အထွေထွေရွေး ကောက်ပွဲအတွက် မန္တလေးခရိုင် အတွင်းရှိ မဲပေးပိုင်ခွင့်ရှိသူများ၏ အခြေခံမဲစာရင်းများကို ဇွန်လ ၈ ရက်မှစတင်ထုတ်ပြန်ခဲ့ရာငါးရက် တာကာလအတွင်း အခြေခံမဲစာ ရင်းလာရောက်ကြည့်ရှုသူ ၁၅,၀၀၀ ကျော်သာရှိကြောင်းမန္တ လေးတိုင်းဒေသကြီး ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲမှ သတင်းရရှိ သည်။
အခြေခံမဲစာရင်းအရ မန္တ လေးခရိုင်တွင် မဲပေးခွင့်ရှိသူ ဦးရေ ၉၃၈,၀၀၀ ကျော်ရှိပြီး ဇွန် လ ၁၂ ရက်က လာရောက်ကြည့်ရှု သူ ၁၅,၉၅၄ ဦးသာရှိသည်ဟုဆို သည်။ ယခုကဲ့သို့ အခြေခံမဲစာရင်းကို ပြည်သူလူထုက လာရောက် ကြည့်ရှုစိစစ်မှုနည်းပါးခြင်းမှာ ရွေးကောက်ပွဲကော်မရှင်၏ မဲဆန္ဒရှင်အသိပညာပေးမှု နည်းပါး ခြင်းကြောင့်ဖြစ်နိုင်သကဲ့သို့ လူထု ၏ စားဝတ်နေရေး အခက်အခဲ ကြောင့် ရွေးကောက်ပွဲများအပေါ် စိတ်ဝင်စားမှု နည်းပါးခြင်းဖြစ်နိုင် ကြောင်း ရွေးကောက်ပွဲလေ့လာ စောင့်ကြည့်ရေးလုပ်ဆောင်နေ သည့် မန္တလေးမြို့ခံဦးညီညီကျော် ကပြောသည်။
ရွေးကောက်ပွဲကော်မရှင်အ နေဖြင့် မဲဆန္ဒရှင်ပညာပေးခြင်း လုပ်ငန်းများကို တတ်နိုင်သည့် အင်အားဖြင့် လုပ်ဆောင်နေသည် ဟု မန္တလေးတိုင်းဒေသကြီးရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်စိုးကပြောသည်။
မန္တလေးတိုင်းဒေသကြီးအ တွင်းရှိ မန္တလေး၊ ပြင်ဦးလွင်၊ ကျောက်ဆည်နှင့် မြင်းခြံခရိုင်များ ၏ အခြေခံမဲစာရင်းကို ပြီးခဲ့သည့် ဇွန်လ ၈ ရက်မှစတင်ကာ ရွေး ကောက်ပွဲကော်မရှင်က ထုတ်ပြန် ကြေညာခဲ့သည်။ အခြေခံမဲစာ ရင်းအရ မန္တလေးခရိုင်တွင် မဲပေး ပိုင်ခွင့်ရှိသူ ၉၃၈,၀၀၀ ကျော်၊ပြင် ဦးလွင်ခရိုင်တွင် ၅၆၈,၀၀၀ ကျော်၊ ကျောက်ဆည်ခရိုင်တွင် ၄၈၇,၀၀၀ ကျော်နှင့် မြင်းခြံခရိုင် တွင် ၆၁၅,၀၀၀ ကျော်ရှိသည်။
အခြေခံမဲစာရင်းများကို ဇွန် လ ၈ ရက်မှစတင်ကာ ၁၄ ရက် ကြာ ဇွန်လ ၂၁ ရက်အထိ သက် ဆိုင်ရာကျေးရွာ၊ ရပ်ကွက်အုပ် ချုပ်ရေးမှူးရုံးများတွင် မဲစာရင်း များကပ်ထားပေးမည်ဖြစ်သည်။ အများပြည်သူအနေဖြင့် အခြေခံ မဲစာရင်းများကို သွားရောက် ကြည့်ရှုစိစစ်ရန် လိုအပ်ပြီးမဲစာ ရင်းတွင် မမှန်ကန်၊ မှားယွင်းမှု များ၊ မပြည့်စုံမှုများတွေ့ရှိပါက ပုံစံစာရွက်ဖြည့်ကာ ပြင်ဆင်ရ မည်ဖြစ်သည်။
မန္တလေးတိုင်းဒေသကြီးအ တွင်း အခြေခံမဲစာရင်းထုတ်ပြန် ရန် ကျန်ရှိနေသေးသည့် ညောင် ဦး၊ မိတ္ထီလာနှင့်ရမည်းသင်းခရိုင် တို့တွင် ဇွန်လ ၂၁ ရက်၌ ထပ်မံ ထုတ်ပြန်ကြေညာပေးမည်ဖြစ် ကြောင်း ရွေးကောက်ပွဲကော်မရှင် မှ သတင်းရရှိသည်။
Credit to>>>Democracy
Tuesday, June 16, 2015
မန္တလေးခရိုင်အခြေခံမဲစာရင်းများ ငါးရက်အတွင်းလာရောက်ကြည့်ရှုသူ ၁၅,၀၀၀ ကျော်ရှိ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment