Monday, May 18, 2015

အင်ဒိုနီးရှားနိုင်ငံ ဘန်ဂျီနာကျွန်းတွင် လူကုန်ကူးခံခဲ့ရပြီး အဓမ္မကျွန်ပြုစေခိုင်းခံခဲ့ရသော မြန်မာရေလုပ်သားဒုက္ခသည် (၅၀၀)ခန့်

အင်ဒိုနီးရှားနိုင်ငံ ဘန်ဂျီနာကျွန်းတွင် လူကုန်ကူးခံခဲ့ရပြီး အဓမ္မကျွန်ပြုစေခိုင်းခံခဲ့ရသော မြန်မာရေလုပ်သားဒုက္ခသည် (၅၀၀)ခန့်ကို ကမ္ဘောဇဘဏ်လီမိတက်၊ ကမ္ဘောဇအုပ်စုနှင့် အနာဂတ် အလင်းတန်းမြန်မာဖောင်ဒေးရှင်းတို့၏ လှူဒါန်းမှုအစီအစဉ်ဖြင့် အမိမြန်မာနိုင်ငံသို့ အခမဲ့ပြန်လည်ခေါ်ဆောင် ပေးလျက်
ရှိရာ ယနေ့ (၁၇.၅.၂၀၁၅) ရက်နေ့ ည (၇:၁၅)အချိန်တွင် မြန်မာရေလုပ်သားဒုက္ခသည် (၅၀၀)အနက်မှ ဒုတိယအကြိမ်(၁၂၈)ဦးကို MAI စင်းလုံးငှား လေယာဉ်ဖြင့် အမိမြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပေးခဲ့ပါသည်။
အင်ဒိုနီးရှားနိုင်ငံတွင်ကျန်ရှိနေသေးသော မြန်မာရေလုပ်သားဒုက္ခသည်များအားလုံးကိုလည်း ကမ္ဘောဇဘဏ်လီမိတက်၏ လှူဒါန်းမှုအစီအစဉ်ဖြင့် အောက်ပါအတိုင်း ဆက်လက်၍ အခမဲ့ ခေါ်ဆောင်ပေးသွားမည်ဖြစ်ပါသည်။
ယနေ့(၁၇.၅.၂၀၁၅) ဒုတိယအကြိမ် အခမဲ့ခေါ်ဆောင်ပေးခြင်း။
(၁၈.၅.၂၀၁၅) တတိယအကြိမ် အခမဲ့ခေါ်ဆောင်ပေးခြင်း။
(၂၂.၅.၂၀၁၅) စတုတ္တအကြိမ် အခမဲ့ခေါ်ဆောင်ပေးခြင်း။
ပြန်လည်ရောက်ရှိလာသည့် မြန်မာရေလုပ်သားဒုက္ခသည်များအား မိမိတို့နေရပ်သို့ အဆင်ပြေ ချောမွေ့စွာပြန်နိုင်ရန်အတွက် ကမ္ဘောဇဘဏ်လီမိတက်မှ တစ်ဦးလျှင် ငွေကျပ် (၅၀,၀၀၀)စီ ထပ်မံပေးအပ် လှူဒါန်းပေးခဲ့ပါသည်။
Credit to>>>7DayNews

0 comments:

Post a Comment