Monday, May 18, 2015

ပုဒ်မ ၅၉ (စ) ပြင်ဆင်ရေး ဒီချုပ်တွင် အစီအစဉ်များရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်ဆို

ပုဒ်မ ၅၉ (စ)ပြင်ဆင်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တွင် အစီအစဉ်များရှိနေပြီး ချပြရ မည့် အချိန်၌ ပြည်သူလူထုအားချ ပြမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။


မေလ ၁၇ ရက်တွင် မွန်ပြည် နယ် သံဖြူဇရပ်မြို့၌ ကျင်းပ သော ဗိုလ်ချုပ်အောင်ဆန်းရာ ပြည့်ပွဲတွင် ပုဒ်မ ၅၉ (စ)ပြင်ဆင် ရေးနှင့်ပတ်သက်၍ ပြည်သူတစ် ဦး၏ မေးမြန်းမှုကို ဒေါ်အောင် ဆန်းစုကြည်က ပြန်လည်ဖြေ ကြားရာ၌ ပြောကြားခဲ့ခြင်းဖြစ် သည်။
‘‘ဘယ်လိုလုပ်မယ်၊ ဘယ် လိုလုပ်ရမလဲဆိုတာ ကျွန်မတို့မှာ အစီအစဉ်တွေရှိပါတယ်။ ချပြလို့ ရမယ့်အချိန်ကျရင် ကျွန်မတို့ချပြ မယ်’’ဟု အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်က ပြောကြားသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပုဒ်မ ၅၉ (စ)သည် မိမိ အား ရည်ရွယ်ပြီး ထည့်သွင်း ထားခြင်းဖြစ်၍ ပြင်ဆင်ပေးရန် တောင်းဆိုနေရခြင်းသည် မျက်နှာပူကြောင်း၊ သို့သော် နိုင်ငံရေးအရ ဖျက်သင့်ဖျက်ထိုက်သောပုဒ်မများကို နိုင်ငံရေးအရ ဖျက်ပေးရန် တောင်းဆိုမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြော သည်။
ပုဒ်မ ၅၉ (စ)နှင့်ပတ်သက် ၍ ဖြစ်နိုင်ခြေအရပ်ရပ်ကို စဉ်း စားထားကြောင်း၊ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်အနေဖြင့် ပြည် သူများကို တာဝန်ခံသည့် အဖွဲ့ အစည်းဖြစ်၍ တာဝန်ကိုသိ ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။
ပုဒ်မ ၅၉(စ)သည် နိုင်ငံ တော် သမ္မတအရည်အချင်းသတ် မှတ်ချက်တွင် ပါဝင်သော ပုဒ်မ တစ်ခုဖြစ်ကာ ယင်းပုဒ်မ၌ မိမိ ကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော်လည်း ကောင်း၊ မိမိ၏ ဇနီး(သို့မဟုတ်) ခင်ပွန်းသော်လည်းကောင်း၊ မိမိ ၏ တရားဝင် သားသမီးတစ်ဦးဦး သော်လည်းကောင်း၊ ထိုတရား ၀င် သားသမီးတစ်ဦးဦး၏ ဇနီး(သို့မဟုတ်) ခင်ပွန်းသော်လည်း ကောင်း နိုင်ငံခြားအစိုးရ၏ ကျေး ဇူးသစ္စာတော်ကို ခံယူစောင့် ရှောက် ရိုသေသူ(သို့မဟုတ်)နိုင်ငံ ခြားအစိုးရ၏ လက်အောက်ခံဖြစ် သူ(သို့မဟုတ်)တိုင်းတစ်ပါး၏နိုင် ငံသားဖြစ်သူများမဖြစ်စေရ။ ထို သူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူလည်း ကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံ သားသော်လည်းကောင်း ခံစားရ သော အခွင့်အရေးများနှင့် ကျေး ဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိ သူများမဖြစ်စေရဟု ဖော်ပြထား သည်။
တပ်မတော်အစိုးရက ဆယ် စုနှစ်တစ်ခုကျော်ကြာအချိန်ယူ ရေးဆွဲခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉(စ)၏ ပြ ဋ္ဌာန်းချက်အရ သားနှစ်ဦးသည့် နိုင်ငံခြားသားများဖြစ်နေ၍ ဒေါ် အောင်ဆန်းစုကြည်ကို နိုင်ငံ တော်သမ္မတဖြစ်ပိုင်ခွင့်ပိတ်ပင် ထားသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လွှတ်တော်တွင် ဆွေးနွေးစဉ်က ပုဒ်မ ၅၉(စ)ကို ပြင်ဆင်ခြင်းမပြုရန်  တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးခဲ့သည်။

0 comments:

Post a Comment