Tuesday, December 23, 2014

၂၀၁၅ ရွေးကောက်ပွဲအပါအဝင် နိုင်ငံအတွက် ဦးစားပေးကိစ္စများ ပိုမိုများပြားလာ၍ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်စာချုပ် အမြန်ဆုံးနိဂုံးချုပ်ပြီး ရှေ့ဆက်သင့်ပြီဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းပြောကြား



၂၀၁၅ ခုနှစ်တွင် အထွေထွေရွေးကောက်ပွဲဖြစ်မြောက်ရေး ကိုလည်း ဆောင်ရွက်ရမည်ဖြစ်ပြီး ဦးစားပေးကိစ္စရပ်များပိုမိုများပြားလာမည်ဖြစ်၍ တစ်နိုင်ငံ လုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်စာချုပ်ကို အမြန် ဆုံးနိဂုံးချုပ် ရှေ့ဆက်သင့်ပြီဖြစ် ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်
ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌပြည်ထောင်စုဝန်ကြီး ဦးအောင် မင်းက ပြောသည်။

ဒီဇင်ဘာ ၂၂ ရက်က မြန်မာနိုင် ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန(MPC)တွင် ပြုလုပ်သည့် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီချက်မူကြမ်းဆိုင် ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် အဖွင့်အမှာစကားပြောကြား ခဲ့ခြင်း ဖြစ်သည်။

''ဒီလုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်နိုင်ဖို့နှစ်ဖက်လုံးက ဆန္ဒရှိကြပါ တယ်။ ဒါပေမဲ့ ကျွန် တော်တို့မှာ အချိန်အကန့်အသတ်ရှိတဲ့ အနေအထား ကိုရောက်ရှိနေ ပြီဖြစ်ပါတယ်။ လက်ရှိသဘောတူထားပြီးသားအချက်တွေ က ရှေ့ဆက်သွားဖို့လုံလောက်တဲ့ အနေအထားမှာရှိနေပြီလို့လဲ ရိုးရိုးသားသား ယုံ ကြည်မိပါတယ်။ ကျွန်တော်တို့အစိုးရအနေနဲ့လဲ ဘယ်လိုအခက်အခဲတွေ ရှိရှိ ငြိမ်းချမ်းရေးခရီးရဲ့ ရည်မှန်းချက်တွေကိုရောက်အောင် ဆက်လက်အကောင် အထည်ဖော်သွားဖို့ဆုံးဖြတ်ထားပြီးဖြစ်ပါတယ်''ဟု ပြည် ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောသည်။

NCCT ဒုတိယအဖွဲ့ခေါင်း ဆောင် ပဒိုစောကွယ်ထူးဝင်းကလည်း ယနေ့ အစည်းအဝေးမှတစ်ဆင့် ညှိ နှိုင်းဆောင်ရွက်ရန် လိုအပ်သည့်အချက်များ ကို ဆွေးနွေးပြီး သတ္တမအကြိမ်မြောက် ဆွေးနွေးပွဲကို သွားရောက်နိုင် ရန် ပြောကြားခဲ့သည်။

ယခင်က ပြည်နယ်နှင့်တိုင်း ဒေသကြီး ၁၀ခုတွင် လက်နက်ကိုင် တိုက်ပွဲများရှိခဲ့ပြီး ယခုအချိန်တွင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့၌သာတိုက်ပွဲများ ရှိနေ ပြီး ကျန်ဒေသအများစုတွင် တစ်ခါတစ်ရံမှသာ ထိတွေ့မှုများရှိနေသည့် အတွက် လက်ရှိ မြန်မာနိုင်ငံ၏ လက်နက်ကိုင်ပဋိပက္ခနှင့် အပစ်အခတ်ရပ်စဲရေး အခြေအနေကိုကြည့်မည် ဆိုပါက မှတ်ကျောက်တင်နိုင်သည့် အနေအထား တွင်ရှိနေကြောင်း ဦး အောင်မင်းက ပြောသည်။

ယနေ့ဆွေးနွေးပွဲသို့ NCCT အဖွဲ့ခေါင်းဆောင် နိုင်ဟံသာနှင့် ကေအိုင်အေမှ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်တို့အပြင် တပ်မတော်ဘက်မှ ကိုယ်စားလှယ် များ တက်ရောက်ဆွေးနွေးခြင်း မရှိပေ။

ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာ ကျေးလက်လူမှု ဘဝမြှင့်တင်ရေး ရာနှင့် ပြည်တွင်းငြိမ်း ချမ်းရေးဖော်ဆောင်မှုကော်မတီ ဒုတိယဥက္ကဋ္ဌဦး သိန်းဇော်ကလည်း ပြည်သူများသည် မိမိတို့ငြိမ်းချမ်းရေး ဆောင်ရွက်နေမှုများကို အထူးပင် စိတ်ဝင်စားလျက်ရှိသည့်အတွက် နိုင်ငံလုံးဆိုင်ရာအပစ်အခတ် ရပ်စဲ ရေးစာချုပ်ကို အမြန်ဆုံးသဘောတူညီအောင်ဆောင်ရွက်ရန် လို အပ်
ကြောင်း ပြောကြားခဲ့သည်။

''အထူးသဖြင့် ကျွန်တော်တွေ့ဆုံခဲ့ရတဲ့ တည်ငြိမ်အေးချမ်းမှုအားနည်းတဲ့ဒေသ က လူတွေရဲ့ မျှော်လင့် ချက်ဟာအင်မတန်ကြီးမားလှတယ်ဆိုတာကို တွေ့ရှိ ရပါတယ်။ NCA ကို နှစ်ဖက်သဘောတူနိုင်တဲ့ အတိုင်းအတာအတွင်းကနေ အမြန်ဆုံးသဘောတူညီအောင် ဆောင်ရွက်နိုင်ဖို့လို ပါတယ်''ဟု ယင်းက ဆက်လက်ပြောသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC)နှင့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးညှိနှိုင်းရေး အဖွဲ့(NCCT)တို့သည် တစ်နိုင်ငံ လုံးအပစ်အခတ်ရပ်စဲရေးသဘော တူညီချက်စာချုပ်ရေးထိုးနိုင်ရေးတွေ့ ဆုံဆွေးနွေးမည့် သတ္တမအကြိမ်အစည်းအဝေးမတိုင်မီအကြိုတွေ့ဆုံ ညှိနှိုင်းကြခြင်း ဖြစ်သည်။

Credit to : Democracytoday

0 comments:

Post a Comment