Friday, August 29, 2014

နိုင်ငံ့ခေါင်းဆောင်ပင်ဖြစ်စေ ငွေကြေးခဝါချလျှင် အရေးယူမည်


မည်မျှရာထူးကြီးသည့် နိုင်ငံ့ခေါင်း ဆောင်ပင်ဖြစ်စေ ငွေကြေးခဝါချမှု တိုက် ဖျက်ရေးဥပဒေကို ကျူးလွန်ပါက ဥပဒေအ တိုင်း အရေးယူ ဆောင်ရွက် သွားမည်ဖြစ် ကြောင်း ငွေကြေးဆိုင်ရာ စုံစမ်းထောက် လှမ်းရေးတပ်ဖွဲ့ ဒုရဲမှူးမြင့်စိုးကပြောသည်။
အဆိုပါငွေကြေးဆိုင်ရာ စုံစမ်းထောက် လှမ်းရေးတပ်ဖွဲ့တွင် ပြည်ထဲရေးဝန်ကြီး က ဥက္ကဋ္ဌတာဝန်ယူထားခြင်းဖြစ်ပြီး အ ကယ်၍ ပြစ်မှုကျူးလွန်သူသည် ၄င်းထက် ရာထူးကြီးသူပင်ဖြစ်စေ ကျူးလွန်ကြောင်း ထင်ရှားပါက ဥပဒေအတိုင်း အရေးယူ သွားမည်ဟု ၄င်းက ပြောဆိုသွားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ငွေကြေးဆိုင်ရာစုံစမ်းထောက် လှမ်းရေးအဖွဲ့ကို ပြည်ထဲရေးဝန်ကြီးဌာန မှ ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခြင်းဖြစ်သည့်အပြင် ယခုကဲ့ သို့ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ကို သြဂုတ် ၂၂ ရက်က ပြည်ထောင်စု မြန်မာနိုင်ငံတော်ကုန်သည်များနှင့် စက် မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၌ ကျင်းပသည့် ငွေကြေးခဝါချမှု တိုက်ဖျက် ရေးဥပဒေနှင့် ငွေကြေးခဝါချမှုနှင့် အကြမ်း ဖက်မှုကို ငွေကြေးထောက်ပံ့ခြင်း တိုက် ဖျက်ရေး ဆွေးနွေးပွဲတွင် ယခုလို ပြောဆို ခဲ့ခြင်းဖြစ်သည်။
ဒုရဲမှူးမြင့်စိုးက ''ဘယ်သူပဲ ကျူးလွန် ကျူးလွန် ဥပဒေအရပဲ အရေးယူမှာပါ''ဟု ပြောသည်။
ယင်းငွေကြေးခဝါချမှုအား တာဝန် ယူဆောင်ရွက်မည့် ငွေကြေးဆိုင်ရာ စုံစမ်း ထောက်လှမ်းရေးတပ်ဖွဲ့ ဒုတပ်ဖွဲ့မှူး ရဲမှူး ကြီးကျော်ဝင်းသိန်းကလည်း ဝန်ကြီးချုပ် များအပါအဝင် ပြည်တွင်းရှိ ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင်များ သည် ငွေကြေးခဝါ ချမှုများနှင့် အကြမ်းဖက်မှုများကို ငွေကြေး ထောက်ပံ့မှုများ ရှိပါကလည်း အဆိုပါတပ် ဖွဲ့ထံ သတင်းပေးပြီး စုံစမ်းစစ်ဆေးမှုများ ကို အရေးယူသွားမည်ဟု ပြောသည်။
ရဲမှူးကြီးကျော်ဝင်းသိန်းက ''သတင်း ပေးတဲ့နေရာမှာ ခိုင်ခိုင်မာမာဖြစ်ဖို့တော့ လိုပါတယ်။ သတင်းက ခိုင်ခိုင်မာမာရပြီ ဆိုရင် ပထမဆုံး စုံစမ်းမယ်။ ဒါပြီးရင် စစ်
ဆေးလိုက်လို့ အမှုမှန်ပေါ်ပေါက်တယ်ဆို ရင် တရားစွဲပြီး အရေးယူမယ်။ သတင်းပေး တဲ့နေရာမှာလဲ သတင်းပေးတဲ့သူကို ကျွန် တော်တို့က လျှို့ဝှက်ထားမှာ'' ဟု ပြောသည်။
ယခုကဲ့သို့ ငွေကြေးခဝါချမှုများအား ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန်နှင့် ဥပဒေအတိုင်း အရေးယူနိုင်ရန် ငွေကြေး ခဝါချမှု တိုက်ဖျက်ရေးဥပဒေအား အတည် ပြုပေးနိုင်ခဲ့သော်လည်း နည်းဥပဒေထွက် ရှိရန် ကျန်ရှိနေသေးကြောင်း သိရသည်။
ငွေကြေးခဝါချမှုများနှင့် ပတ်သက် ပြီး ပြည်သူများ နားလည်ထားသည်မှာ မူး ယစ်မှုများနှင့် တရားမဝင်ရရှိထားသည့် ငွေများကိုသာ ခေါ်ဆိုခြင်းဖြစ်ပြီး ငွေကြေး ခဝါချခြင်းဆိုသည့်အနက် အဓိပ္ပာယ်အား ရှင်းလင်းစွာသိရှိရန် လိုအပ်ကြောင်း သြ ဂုတ် ၂၂ က ကျင်းပခဲ့သည့် ယင်းဆွေးနွေး ပွဲတွင် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်း ရေးတပ်ဖွဲ့မှ တာဝန်ရှိသူများကပြောသည်။
ယင်းတပ်ဖွဲ့မှ ဒုတပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ဝင်းသိန်းက ''ဥပမာ မူးယစ်ဆေး ရောင်းပြီး ရထားတဲ့ငွေကို ငွေကြေးခဝါချ မှု၊ တစ်နည်း ငွေဖြူမလုပ်ရသေးဘူးဆိုရင် ဒါက မူးယစ်မှုနဲ့ တရားစွဲလို့ရတယ်။ ငွေ ကြေး ခဝါချပြီးပြီဆိုရင်တော့ ဒီအမှုနဲ့ပါ ထပ်စွဲလို့ရတယ်''ဟု ပြောသည်။
အဆိုပါ ငွေကြေးခဝါချမှုများနှင့် ပတ် သက်၍လည်း သတင်းပေးစုံစမ်းစဉ်တွင် ပစ္စည်းအား သိမ်းဆည်းခြင်းမရှိဘဲ စုံစမ်း စစ်ဆေးပြီး အမှုမှန် ပေါ်ပေါက်လာပါက ဆင့်ပွား အကျိုးအမြတ်များအား နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းယူ၍ရကြောင်း ယင်း တပ်ဖွဲ့မှ တာဝန်ရှိသူများက ရှင်းပြသည်။
ငွေကြေးခဝါချခြင်းများအား အရေး ယူနိုင်ရန်အတွက် ၂ဝ၁၂ ခုနှစ်တွင် တရား မဝင် နည်းလမ်းဖြင့်ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများ ထိန်းချုပ်ရေးဥပဒေဟု ပြဋ္ဌာန်း ခဲ့ပြီး ယခု ၂ဝ၁၄ ခုနှစ်တွင် ငွေကြေးခဝါချ မှု တိုက်ဖျက်ရေးဥပဒေဟု တိုက်ရိုက်ပြဋ္ဌာန်း ခဲ့ကြောင်း သိရသည်။
ယခင် ၂ဝ၁၂ ခုနှစ် ဥပဒေတွင် ဥပ ဒေနှင့်သက်ဆိုင်သော ပြစ်မှု ၁ဝ မျိုး၊ ထပ်မံ ဖြည့်စွက် ၂၁ မျိုး၊ ပေါင်း ၃၁ မျိုး သတ်မှတ် ထားပြီး ယင်းဥပဒေတွင် လူကိုသာ အပြစ် ဒဏ် ချမှတ်နိုင်သည်။

‎TheYangonTimes‬

0 comments:

Post a Comment