ကျန်းမာရေးဝန်ကြီးဌာနက အီဘိုလာဗိုင်းရပ်စ်သံသယလူနာအတွက် အိန္ဒယနိုင်ငံပီရူးမြို့သို့ဓာတ်ခွဲခန်းဆေးစစ်ချက်ရရန် ရက်
အတန်ကြာနှောင့်နှေးခဲ့သည့် အီဘိုလာသံသယလူနာ၏ ဓာတ်ခွဲ
စစ်ဆေးမည့်အချက်အလက်၊သွေးနမူများကို ယနေ့နေ့လည်အချိန်က အိန္ဒယနိုင်ငံဓာတ်ခွဲခန်းသို့အောင်မြင်စွာ
ပို့လွှတ်နိုင်ပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဦးမင်းသန်းညွှန်က
ပြည်ထောင်စုနေ့စဉ်သို့ ယနေ့ပြောကြားသည်။
အိန္ဒိယနိုင်ငံရှိ ကမ္ဘာကျန်းမာရေးအဖွဲ့(WHO)အသိအမှတ်ပြု အိဘိုလာကူးစက်မြန်ဘိုင်းရပ်စ်စမ်းသပ်
စက်ရှိရာသို့အီဘိုလာသံသယလူနာ ကိုဇင်မင်းဦး၊အသက်၂၂၏ဆေးစစ်ချက်ပို့ရန် ကျန်းမာရေးဝန်ကြီးဌာနက
လွန်ခဲ့သည့်တပတ်ကပင်စတင်ဆောင်ရွက်ခဲ့သော်လည်း ကျော်လွှားရန်ခက်ခဲသည့် ပြသာနာများနှင့်အိန္ဒိယနိုင်ငံဇီဝလုံခြုံမူကြောင့် ဓာတ်ခွဲခန်းပို့လွှတ်ရန်ကြန့်ကြာခဲ့ခြင်းဖြစ်ကြောင်း ဒေါက်တာဦးမင်းသန်းညွှန်
ကပြောသည်။
``ဒီကနေ့အိန္ဒိယနိုင်ငံသွားဖလိုက်နဲ့ထွက်သွားပါပြီ။သွေးနမူနာကိုကျွန်တော်တို့ပို့လိုက်ပြီ။ရက်အရင်က
ကြာသွားတဲ့အကြောင်းကတော့ပြောဖို့မလိုတော့ဘူး။အဲ့ဒီကိစ္စတွေကနိုင်ငံတကာကိစ္စတွေဖြစ်လို့
တအားရူပ်ထွေးတယ်။သို့သော်တော်တော်လေးညှိနိုင်းပြီး ပို့လွှတ်ရတယ်။အများကူးစက်လွယ်တဲ့ရောဂါ ပိုးစစ်ဆေးပေးရမှာဆိုတော့
အားလုံးကကြောက်နေရတယ်။ကိုယ့်တိုင်းပြည်ကလူတွေကြောက်သလို
ကျန်တဲ့လူတွေလဲကြောက်တာပေါ့။တော်တော်လေးညှိရတယ်။ညှိရတဲ့အချက်(၆)ချက်ရှိပြီးဘာတွေလဲဆိုတာပြောဖို့က
နိုင်ငံတကာပြသာနာတွေဖြစ်လာမှာကြောင့် မပြောတာပါ။အခုအချိန်မှာတော့အောင်မြင်စွာနဲ့ ပို့လိုက်နိုင်ပါပြီ``ဟုဒေါက်တာဦးမင်းသန်းညွှန်က
ပြောကြားသည်။
အိန္ဒိယနိုင်ငံပို့လွှတ်သည့်လေကြောင်းလိုင်းကိုဖော်ပြရန်မလိုအပ်သောကြောင့်လျှိုဝှက်ထားပြီးအီဘိုလာဗိုင်းရပ်စ်ပိုးသည်
အလွန်ကူးစက်မြန်သောကြောင့် ဓာတ်ခွဲခန်းဆိုင်ရာပညာရှင်များက
ထိပ်လန့်မူ၊တဖက်နိုင်ငံအစိုးရကစဉ်းစားမူများရှိခဲ့သောကြောင့်ဆေးစစ်
ရန်တပတ်ခန့်ကြာမြင့်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ငွေရေးကြေးရေးကိစ္စ၊နိုင်ငံရေးကစ္စ၊ကမ္ဘာကျန်းမာရေးအဖွဲ့နှင့်
တခြားအဖွဲ့အစည်းများနှင့် ဆေးစစ်ရန်ကြန့်ကြာမူပြသာနာ
မှာပက်သက်ခဲ့ခြင်းမရှိဘဲ နိုင်ငံ၏ဇီဝလုံခြုံမူကိုအိန္ဒိယဘက်က
အလွန်စဉ်းစားခဲ့ကြောင်း အဆိုပါတာဝန်ရှိသူကဆိုသည်။
(၁၉-၈-၂ဝ၁၄)ရက်နေ့၊ ညပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ရောဂါစောင့်ကြပ်ကြည့်ရှုရေးအဖွဲ့သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေ
ဆိပ်တွင် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်း ဆောင်ရွက်စဉ် အာဖရိကအနောက်ပိုင်းဒေသ Guinea နိုင်ငံနှင့် Liberia နိုင်ငံများတွင် အလုပ်သွားရောက်လုပ်ကိုင်ပြီး မြန်မာနိုင်ငံသို့ ပြန်လာသူ အသက်(၂၂)နှစ်အရွယ် အမျိုးသား(၁)ဦးသည် ဖျားခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်းစသည့် ရောဂါလက္ခဏာများ ခံစားနေရကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ဝေဘာဂီအထူးကုဆေးရုံသို့ လွှဲပြောင်း၍ လိုအပ်သော ဆေးကုသခြင်းနှင့် ဓာတ်ခွဲစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီ်းအီဘိုလာသံသယလူနာကိုဇင်မင်းဦးမှာ
ယခင်ထက်ကျန်းမာရေးကောင်းမွန်နေသော်လည်း ၄င်းရရှိသည့်အာဖရိကတုပ်ကွေးအမျိုးအစားမှာပြင်းထန်သောကြောင့်
ဆေးကုသမူခံယူရန်ဆေးရုံကြီးတွင် ဆက်လက်ကြပ်မတ်ကုသပေးနေရပြီး
၎င်းနှင့်အတူပါလာသူအဖော်လူငယ်လေးဦး၏ အခြေအနေမှာ လုံးဝကောင်းမွန်ကြောင်းနှင့် ဆေးကုသမူအခြေအနေကို
ဆုံးဖြတ်ရန်အိန္ဒိယနိုင်ငံ၊ပီရူးမြို့မှ ပြန်လာမည့်ဆေးစစ်ချက်ပေါ်မူတည်ကာ
ယနေ့မှရက်ပေါင်း(၃)ရက်သို့မဟုတ်(၅)ရက်အတွင်း သတင်းဆက်လက်ထုတ်ပြန်အသိပေးမည်ဖြစ်ကြောင်းနှင့် ဝေဘာဂီ
အထူးကုဆေးရုံတွင် တက်ရောက်ကုသမှုခံယူလျက်ရှိသော သံသယလူနာ ဦးဇင်မင်းဦး၏ ကျန်းမာရေးအခြေအနေမှာ သက်သာကောင်းမွန်လျက်
ရှိကြောင်းသိရသည်။
The Union Daily
0 comments:
Post a Comment