Thursday, July 3, 2014

၂၀၁၄ ခုနှစ် ပထမနှစ်ဝက်အတွင်း Xiaomi စမတ်ဖုန်း ၂၆ သန်း တင်ပို့ရောင်းချခဲ့


၂၀၁၄ ခုနှစ် ပထမနှစ်ဝက်အတွင်း စမတ်ဖုန်း ၂၆.၁ သန်း ရောင်းချခဲ့ရကြောင်းနှင့် ၎င်းရောင်းချမှုနှုန်းသည် ပြီးခဲ့သည့်နှစ် ပထမနှစ်ဝက်ထက် ၂၇၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့ခြင်း ဖြစ်ကြောင်း တရုတ်နိုင်ငံ ဘေကျင်းမြို့ အခြေစိုက် Xiaomi ကုမ္ပဏီက ကြေညာခဲ့သည်။ Xiaomi သည် ၂၀၁၃ ခုနှစ်က ဖုန်း ၁၈.၇ သန်း ရောင်းချခဲ့ရပြီး ၎င်းသည် ပြီးခဲ့သည့်နှစ် ရောင်းချမှုနှုန်းထက် ရောင်းအားနှစ်ဆ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။   ၂၀၁၄ ခုနှစ် ပထမ သုံးလပတ်တွင် တရုတ်နိုင်ငံသို့ စမတ်ဖုန်း တင်ပို့ရောင်းချမှုနှုန်းသည် ၂၄.၇ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း တရုတ်နိုင်ငံ၏ စက်မှုလက်မှုလုပ်ငန်းနှင့် အချက်အလက် နည်းပညာ ဝန်ကြီးဌာနမှ ဖော်ပြခဲ့သည်။   Xiaomi ၏ ၂၀၁၄ ခုနှစ် ပထမသုံးလပတ် အတွင်း စမတ်ဖုန်းတင်ပို့ရောင်းချမှုသည် ၁၁ ရာခိုင်နှုန်းရှိခဲ့ပြီးနောက် တရုတ်နိုင်ငံ၏ စမတ်ဖုန်းထုတ်လုပ်သည့် ကုမ္ပဏီများအနက် တတိယအကြီးဆုံး ကုမ္ပဏီအဖြစ် ရပ်တည်နိုင်ခဲ့သည်။   ကုမ္ပဏီသည် ယခုနှစ်ကုန်ပိုင်းတွင် စမတ်ဖုန်း သန်း ၆၀ တင်ပို့ရောင်းချရန် ရည်ရွယ်ထားပြီး ၂၀၁၅ ခုနှစ်တွင် ဟန်းဆက် သန်း ၁၀၀ ထက်မနည်း ရောင်းချရရန် မျှော်မှန်းထားသည်။   Xiaomi ၏ နောက်ဆုံး ထုတ်ပြန်ကြေညာချက်အရ ကုမ္ပဏီ၏ ဝင်ငွေသည် ၂၀၁၄ ခုနှစ် ပထမနှစ်ဝက်အတွင်း အမေရိကန်ဒေါ်လာ ၅.၃၁ ဘီလီယံရှိခဲ့ကာ နှစ်အလိုက် ဝင်ငွေတိုးတက်မှု ၁၄၉ ရာခိုင်နှုန်း ရှိခဲ့ကြောင်း သိရသည်။   Xiaomi ၏ အဓိကဝင်ငွေသည် စမတ်ဖုန်းလုပ်ငန်းမှ ရရှိခြင်း ဖြစ်ပြီး ကုမ္ပဏီ၏ အခြားထုတ်ကုန်များဖြစ်သော 4K နှင့်ကြည့်နိုင်မည့် MiTV2, router, Xiaomi Box, MiPad စသည်တို့ကို ရောင်းချရခြင်းမှ ရရှိသည့် ဝင်ငွေများအား ဖော်ပြခဲ့ခြင်း မရှိပေ။   Xiaomi သည် ယခုနှစ်တွင် ဟောင်ကောင်၊ တရုတ်နှင့် တရုတ်(တိုင်ပေ) ပြင်ပရှိ ဈေးကွက်များကို ချဲ့ထွင်ရန် ကြိုးပမ်းခဲ့ပြီးနောက် စင်ကာပူ၊ ဖိလစ်ပိုင်၊ မလေးရှား စသည့် အရှေ့တောင်အာရှ နိုင်ငံများတွင် စမတ်ဖုန်းများကို ရောင်းချခဲ့ကြောင်း သိရသည်။  

Ref: CNET

0 comments:

Post a Comment