Tuesday, July 8, 2014

ဘဓရဌာန ဝန်ထမ်းတဦးရဲ့ ပေးစာ


ကျွန်တော်ကတော့သတ္ထုတွင်း ၀န်ကြီးဌာနက ၀န်ထမ်းတစ်ယောက်ပါ။
ဝန်ကြီးဌာနအောက်မှာ ၀န်ကြီးရုံး၊ သတ္ထုဦးစီး၊ အမှတ်(1)သတ္ထုတွင်း၊ အမှတ်(2)၊ အမှတ်(3)၊ ကျောက်မျက်၊ ပုလဲနှင့် ဘ့ဓ့ရ ဆိုပြီးတော့ရှိပါတယ်။ ကျွန်တော်က ဘ့ဓ့ရ ကပါ။

 ဘဓရ အရှည်ကတော့ ဘူမိဗေဒလေ့လာရေးနှင့်ဓာတ်သတ္ထုရှာဖွေရေးဦးစီးဌာနပါ။

ဌာနအောက်မှာကျွန်တော်တို့ဌာနက အဆင်းရဲဆုံးနဲ့ အပင်ပန်းဆုံးဌာနပါ။ ရှာဖွေရေးပေါ့။

ကျွန်တော်ပြောချင်တာက အခု ဌာနမှာ ရာထူးတိုးကိစ္စနဲ့ ပတ်သက်ပြီးတော့ လူကြီးတွေက ပွင့်လင်းမြင်သာမှုမရှိပဲနဲ့ သူတို့နဲ့ အဆင်ပြေတဲ့သူကို ပေးတာပါပဲ။

သူတို့ပေးတဲ့သူတွေက ကိုယ့်ထက်အစစ အရာရာသာတဲ့သူက မရှိသလောက်ရှားပါတယ်။

ကျွန်တော်တို့ကို တောထဲပို့ထားပြီးတော့ ရုံးချုပ်မှာ သူတို့လုပ်ချင်သလို လုပ်သွားတာကိုပါ။

ကျွန်တော်တို့ အရမ်းနစ်နာပါတယ်။

ဌာနတိုင်းမှာ ဒီလိုတွေရှိပေမဲ့ အဲဒါကိုအများပြည်သူတွေ သိစေချင်ပါတယ်
ခုလိုပွင့်လင်းမြင်သာတဲ့ခေတ်မှာပေါ့။

ကျွန်တော်တို့ကတောထဲတောင်ထဲမှာ ပင်ပင်ပန်းပန်း ရှာဖွေရေးလုပ်ရပီး အခွင့်အရေးတော့ ဘယ်တော့မှ မရခဲ့ပါဘူး။

အဲဒါကို အများသိအောင် ဂျာနယ်မှာဖော်ပြပေးစေချင်ပါတယ်။

ဧရာဝတီ Facebook

0 comments:

Post a Comment