iPhone 6 ဟု ယူဆရသည့် ဓာတ်ပုံသစ်များသည် တရုတ် လူမှုရေးကွန်ရက် Weibo ကို အသုံးပြုသူ dreamerjimmy account မှ ထွက်ပေါ်လာခဲ့သည်။ အဆိုပါ ဓာတ်ပုံသည် ယခင်က ထွက်ပေါ်ခဲ့သည့် iPhone 6 ကောလာဟလ သတင်းများနှင့်တူညီပြီး လုံးဝန်းသည့် အနားစောင်းများ၊ အရွယ်ကြီးမားသည့် display နှင့် သေးငယ်သည့် bezel တို့ဖြင့် ပြုလုပ်ထားသည်ကို တွေ့ရသည်။ ထို့အပြင် display နှင့် TouchID Home button ကြားတွင်လည်း ကွာဟချက် အနည်းငယ်သာ ရှိတော့သည်။ သို့သော်လည်း အခြားဓာတ်ပုံများတွင် ဖော်ပြချက်အရ ပြောင်းလဲမှုများကို သတိပြုခဲ့မိကြောင်း Cult of Mac က ဆိုခဲ့သည်။ အောက်ဖော်ပြပါ ဓာတ်ပုံအရ FaceTime ကင်မရာနှင့် စပီကာ အစိတ်အပိုင်းတို့အကြား ဆက်စပ်မှုရှိလာပြီး antenna စနစ်အတွက်လည်း သတ္တုဖြင့် ပြုလုပ်ထားသည်ကို တွေ့ရမည် ဖြစ်သည်။
Nowhereelse.fr မှ ဖော်ပြခဲ့သည့် ဓာတ်ပုံများတွင်လည်း ယခင် iPhone များထက် သိသိသာသာ ပိုမိုပါးလွှာသည့် iPhone 6 ၏ ပါးလွှာမှုကို အသားပေး ဖော်ပြခဲ့ကြသည်။ ၄.၇ လက်မ iPhone 6 ကို ယခုနှစ်ကုန်ပိုင်းတွင် ဖြန့်ချိဖွယ်ရှိပြီး ၅.၅ လက်မ အမျိုးအစားကိုမူ ကုန်ပစ္စည်း ထောက်ပံ့မှု နည်းပါးခြင်းနှင့် ဈေးနှုန်းကြီးမြင့်ခြင်းကြောင့် ထုတ်လုပ်မှု အနည်းငယ် နှောင့်နှေးဖွယ်ရှိကြောင်း သိရသည်။
Ref: CultofMac
0 comments:
Post a Comment