Friday, June 27, 2014

BMW ရဲ. Countryman SUV


ဂျာမနီနိုင်ငံထုတ်BMW ရဲ့ လက်ခွဲကုမ္ပဏီ မီနီက ထုတ်လုပ်လိုက် တဲ့ မီနီကူးပါး Countryman SUV (၂၀၁၀) ခုနှစ်ကမှာ စတင်မိတ်ဆက် ခဲ့ပြီး အခုချိန် မြန်မာပြည်တွင်းသို့ ရောက်ရှိလာကာ လူကြိုက်များနေ တယ်လို့ သိရပါတယ်။ မီနီကူးပါးလို ကားအသေးလေးကနေ မီနီကူးပါး Countryman SUV ပုံစံကိုကူးပြောင်း ထုတ်လုပ်ထားတာဖြစ်ပြီး (၂၀၁၁) မော်ဒယ်လ်ကမှ စထုတ်လုပ်ထား တယ်လို့ သိရပါတယ်။ အခုပြည်တွင်း ကို စပြီးဝင်ရောက်လာတဲ့ မီနီကူးပါး Countryman SUV ဆိုဒ်ဆိုပေမယ့် တခြား SUV ကားအမျိုးအစားတွေ ထက်စာရင်တော့ မီနီဆိုတဲ့အတိုင်း အနည်းငယ်သေးငယ်တယ်လို့ အဲဒီ ကားတွေတင်သွင်းရောင်းချတဲ့ Moe Zac Auto ကုမ္ပဏီရဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပြပါတယ်။

ယူရိုထုတ်ဖြစ်တဲ့ကားအမျိုးအစားဖြစ်ပြီး ကားရဲ့ရုပ်ထွက်က တခြား ကားအမျိုးအစားတွေနဲ့ မတူကွဲပြား ခြားနားတယ်လို့လည်း သိရပါတယ်။ မီနီရုပ်ကို လူကြိုက်များတဲ့အတွက် အဲဒီမီနီကူးပါး Countryman SUV ကိုလည်း မီနီရုပ်ထွက်ဖြစ်တာကြောင့် ဈေးကွက်ထဲရောက်ရှိချိန် နည်းပါးသေးပေမယ့် ယောက်ျားလေးလူငယ် အများစုကတော့ တော်တော်ကြိုက်နှစ်သက်မှုများတယ်လို့လည်း သိရပါ တယ်။ မီနီ Countryman SUV ရဲ့အ တွင်းခန်းဒိုင်ခွက်တွေက တခြားကား တွေရဲ့ အတွင်းခန်းတွေနဲ့ လုံးဝမတူဘဲ ကွဲပြားစေပြီး ဒတ်ရှ်ဘုတ်တွေက လည်း အမြင်တစ်မျိုးနဲ့လှပတယ်လို့ သိရပါတယ်။

က.ည.န ကအခွန်လျှော့တဲ့ထဲ မှာ (1800) CC အောက်တွေက ဈေးကျသွားတာကြောင့် အဲဒီထဲမှာ ဒီမီနီကူးပါး Countryman လည်း ပါဝင်တယ်လို့ သိရပါတယ်။ (1600) CC အင်ဂျင်ပါဝါဖြစ်ပြီး ဓာတ်ဆီနဲ့ဒီ ဇယ်နှစ်မျိုးလုံးလာပေမယ့် ဓာတ်ဆီ ကားကို ပိုအကြိုက်များတယ်လို့ သိ ရပါတယ်။ Manual ဂီယာနဲ့ Auto ဂီယာနှစ်မျိုးစလုံးရနိုင်ပြီး ခြောက် ချက်ထိုးဂီယာဖြစ်တယ်လို့ သိရပါ တယ်။ (၂၀၁၁-၂၀၁၂-၂၀၁၃) မော် ဒယ်လ်တွေ မှာကြပြီး (၂၀၁၂) မော် ဒယ်လ်ကတော့ အမှာအများဆုံးလို့ သိရပါတယ်။ (၂၀၁၂) မော်ဒယ်မီနီ ကူးပါး Countryman SUV ကဂရိတ် အနိမ့်ဆုံးဆိုရင် ပြည်တွင်းအရောက် အခွန်အပြီးအစီး သိန်း(၃၀၀)၀န်းကျင် နဲ့ ရနိုင်ပေမယ့်။ ဂရိတ်အမြင့်ဆုံးက တော့ သိန်း(၄၀၀)ကျော်နိုင်တယ်လို့ သိရပါတယ်။ ကာလာတွေက အစုံရ နိုင်ပြီး အခုလောလော ဆယ်မှာတော့ အဖြူ၊ အနက်နဲ့ မိုးပြာရောင်တွေ အမှာများတယ်လို့ သိရပါတယ်။

ယူရိုကားပီပီဈေးကြီးပေမယ့် ပြည်တွင်းကိုဝင်ရောက်လာပြီး ရေပန်းစားဖို့ အရှိန်ကောင်းလာတယ်လို့ ဆိုပါတယ်။ (၂၀၁၁) ကမှစပြီး ထွက် တာကြောင့် ဈေးကွက်ထဲသို့ ရောက် တာသုံးနှစ်လောက်သာ ရှိသေးပေမယ့် ပြည်တွင်းကို ၀င်ရောက်ဖို့ဦးတည်လာ နေတယ်လို့ စုံစမ်းသိရှိရပါတယ်။

Ref: www.awjmyanmar.com(MMautotrader)

0 comments:

Post a Comment