သစ်တောပြုန်းတီးမှုများနှင့် နုန်းအနည်များ မြင့်တက်လာခြင်းကြောင့် ရေမျက်နှာပြင် ဧရိယာ
လျော့ကျလာသည့် အင်းလေးကန်သည် လက်ရှိအခြေအနေအတိုင်းသာ ဒေသခံများအား
အသိပညာပေးမှု အားနည်းနေပါက ရာစုနှစ်တစ်ခုအတွင်း ပျောက်ဆုံးသွားနိုင်သည်ဟု
ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (ယူအင်န်ဒီပီ) မှ အစီအစဉ်ဆိုင်ရာ အကြီးတန်း အကြံပေးဖြစ်သူ
မစ္စတာ Igor Bosc က ယခုလ ၁၀ ရက်နေ့က မြန်မာတိုင်း(မ်)ကို ပြောသည်။
"ရေရဲ့ မျက်နှာပြင်ဧရိယာပမာဏက နှစ်ပေါင်း ၇၀ အတွင်းမှာ အများကြီး လျော့ကျသွားတယ်။
နုန်းအနည်တွေကလည်း မြင့်တက်လာတယ်။ အဲဒီလိုမျိုး ဖြစ်လာတဲ့အတွက် ဒီအတိုင်းပဲ
ဆက်သွားမယ်ဆိုရင်တော့ အင်းလေးကန်က ရာစုနှစ်တစ်ခုအတွင်းမှာတင် ပျောက်ဆုံးသွားနိုင်
တယ်။ အဲဒါကြောင့် အခုလုပ်နေတဲ့ လုပ်ငန်းတွေနဲ့ မလုံလောက်သေးဘူး၊ ဒီထက်လည်း
ထပ်ပြီးတော့ တိုးမြှင့်ဆောင်ရွက်မှုတွေ လုပ်ဖို့ လိုအပ်မယ်" ဟု ၎င်းက ပြောသည်။
ယူအင်န်ဒီပီသည် အင်းလေးကန်ထိန်းသိမ်း ကာကွယ်ရေးနှင့် ပြန်လည်ထူထောင်ရေး စီမံကိန်းကို
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနနှင့် ပူးပေါင်း လုပ်ကိုင်နေသည်။
အင်းလေးကန်ထိန်းသိမ်းကာကွယ်ရေးအတွက် စီမံအုပ်ချုပ်လုပ်ကိုင်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ
ကို ဇွန်လ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့ အထိ တောင်ကြီးမြို့ တွင် ပြုလုပ်ခဲ့သည်။
ယူအင်န်ဒီပီအနေဖြင့်လည်း အဆိုပါအလုပ် ရုံအစည်းအဝေးမှ ထွက်ပေါ်လာမည့် ရလဒ်များအပေါ်
မူတည်ပြီး နည်းပညာအပြင် ဒေသခံများကို တစ်ဦးနှင့်တစ်ဦး ညှိနှိုင်းမှု ပုံစံမျိုးဖြင့် ဆောင်ရွက်သွား
မည်ဟု သိရသည်။
"ဒီဆွေးနွေးပွဲက ထွက်လာတဲ့ ရလဒ်တွေအပေါ်မူတည်ပြီး အခြားသော နိုင်ငံတွေမှာ လုပ်နေတဲ့
Lake Authority လိုမျိုးဖွဲ့နိုင်မယ်ဆိုရင် ဆက်ပြီးတော့ ဆောင်ရွက်သွားဖို့ရှိပါတယ်" ဟု
Igor Bosc က ပြောသည်။
အင်းလေးကန်တွင် အထူးခြားဆုံးနှင့် အဆိုးရွားဆုံးဟု ဆိုရမည့် ၂၀၁၀ ပြည့်နှစ်က မိုးခေါင်ရေရှား
ခြင်းကြောင့် ရေသိုလှောင်မှုပမာဏမှာ အနိမ့်ဆုံးအထိ ကျဆင်းကာ တန်ခိုးကြီး သမိုင်းဝင်
ဖောင်တော်ဦးဘုရားပတ်လည်ရှိ မြေသားများ ခြောက်သွေ့အက်ကွဲသည်အထိ ဖြစ်ပေါ်ခဲ့သည်။
"မိုးခေါင်ရေရှားလာတဲ့ အကြောင်းရင်းက ဒေသခံ ရွာသူ၊ ရွာသားတွေက ထင်းကို လောင်စာအဖြစ်
သုံးတော့ သစ်ပင်တွေ ပြုန်းပြီး ရေခမ်းခြောက်တာတွေ ဖြစ်ရတာ" ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့၊
သစ်တောနှင့်သတ္တု ၀န်ကြီး ဦးစိုင်းအိုက်ပေါင်းက ပြောသည်။
လက်ရှိတွင် အင်းလေးကန်သည် ယခင်နှစ်များထက် နုန်းပို့ချမှုများပြီး ရေ၀ပ်ဧရိယာနည်းလာသည့်
အတွက် မိုးရာသီကုန်ဆုံးပါက သိုလှောင်ထားသောရေများမှာ ကြာရှည်မခံပဲ ခမ်းခြောက်လေ့
ရှိသည်ဟု သိရသည်။
"အရင်တုန်းကတော့ လူဦးရေလည်း နည်းတယ်။ စိုက်ပျိုးရေး ဧရိယာလည်း နည်းတယ်။
နောက်ပြီးတော့ နုန်းအနည်ကျမှုကလည်း နည်းတယ်။ အဲဒီအချိန်မှာ အင်းလေးကန်ရေ
အနေအထားကတော့ အင်မတန်မှ ကောင်းမွန်တာပေါ့။ အခုအချိန်မှာ လူဦးရေလည်း ထူထပ်
လာပြီ။ စိုက်ပျိုးရေးဧရိယာလည်း တိုးချဲ့လာတယ်။ နုန်းပို့ချမှုကလည်း ပိုများလာတယ်။ ဒါကြောင့်မို့
အင်းလေးက နုန်းတွေ ပို့ချမှုများတော့ တဖြည်းဖြည်းနဲ့ ရေ၀ပ်ဧရိယာ နည်းလာတာပေါ့။ မိုးနားတဲ့
အချိန်ဆိုရင် ရေက ကြည်ရှည်မခံတော့ဘူး။ ရေတိမ်လာတယ်။ ကန်ဧရိယာ နည်းနည်းကျဉ်းလာ
တယ်။ ဒါ အင်းလေးကန်ရဲ့ တိမ်ကောမှုတစ်ခုပေါ့" ဟု ညောင်ရွှေမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၂)မှ
ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ဝင်းက ဇွန်လ ၁၁ ရက်နေ့က
မြန်မာတိုင်း(မ်)ကို ပြောသည်။
အင်းလေးကန်သည်ယခင်က ၁၃၄ စတုရန်းမိုင် ရှိခဲ့ရာမှ ယခုအခါ ၆၃ စတုရန်းမိုင်သာ
ကျန်ရှိတော့သည်။
အင်းလေးကန် ထိန်းသိမ်းကာကွယ်ရေးနှင့် ပြန်လည်ထူထောင်ရေးစီမံကိန်းအတွက် ယူအင်န်ဒီပီနှင့်
နော်ဝေနိုင်ငံအစိုးရတို့က အမေရိကန်ဒေါ်လာ ၂ ဒသမ ၆ သန်း ထောက်ပံ့ ပြီး ၂၀၁၀ ပြည့်နှစ်က
စတင်ကာ ငါးနှစ်စီမံချက်အဖြစ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနနှင့်
ပူးပေါင်းပြီး ရေဝေရေလဲဒေသအတွင်းရှိ မြို့နယ်သုံး မြို့နယ်ရှိ ကျေးရွာ ၇၁ ရွာတွင် စီမံကိန်းများ
ဆောင်ရွက်လျက်ရှိသည်။
ထို့ပြငှ်ုညျအငအကအန f Institute of International Development(IID)နှင့် UNHABITAT
တို့ကလည်း ကျွမ်းကျင်မှု၊ အတွေ့အကြုံနှင့် ကွင်းဆင်းစိစစ်ချက်များအပေါ် အခြေခံပြီး ရေရှည်
စီမံကိန်းများ လုပ်ဆောင်နေသည်။
"ငါးနှစ်အတွင်းမှာတော့ ထိန်းသိမ်းမှုအပိုင်းက တော်တော်လေး တိုးတက်လာတယ်။ အမှိုက်
ဆိုလည်းအမှိုက်ကောက်တဲ့ ဒေသခံ အသင်းအဖွဲ့လေးတွေ ပေါ်လာတယ်။ နောက်ပြီး မိလ္လာစနစ်
တွေ၊ သင်္ဂြိုဟ်တဲ့ စနစ်တွေ ဒါတွေလည်းပဲ ပြောင်းလဲလာတာပေါ့" ဟု ဦးအောင်ကြည်ဝင်းက
ပြောသည်။
အင်းလေးကန်သည် ရှမ်းပြည်နယ် တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ အင်းလေးဒေသတွင် ရှိပြီး
လူဦးရေ စုစုပေါင်း လေးသိန်းကျော်ရှိသည့်အနက် မိသားစု လေးစုတွင်တစ်စုမှာ ဆင်းရဲနွမ်းပါးစွာ
နေထိုင်ကြသည်။
မြန်မာတိုင်း(မ်)
0 comments:
Post a Comment