အမေရိကန် သမ္မတ ဘာရက် အိုဘားမား ၏ သမီး နှစ်ဦး အနက် သမီးကြီး ဖြစ်သည့် မာလီယာ အိုဘားမား က လာမည့် ဇူလိုင် လ တွင် အမေရိကန် ရုပ်သံ လိုင်း တစ်ခု ဖြစ် သည့် စီဘီအက်စ် ရုပ်သံလိုင်း မှ ထုတ်လွှင့် ပြသမည့် Extant သိပ္ပံ ဇာတ်လမ်း တွဲ ၏ ထုတ်လုပ် ရေး လုပ်ငန်း များတွင် အကူ လက်ထောက် တစ်ဦး အဖြစ် ပါဝင် ဆောင်ရွက် သွားမည် ဖြစ် ကြောင်း သိရသည်။ အဆိုပါ ဇာတ်လမ်း တွဲ တွင် အမေရိကန် မင်းသမီး နှင့် ဖက်ရှင် မော်လ်ဒယ် တစ်ဦး ဖြစ်သူ အကယ် ဒမီ မင်းသမီး ဟယ်လီ ဘယ်ရီ က အာကာသ အတွင်း သို့ တာဝန် ဖြင့် တစ်နှစ် ကြာ သွားရောက် ခဲ့စဉ် နေ့စဉ် ခင်ပွန်း သည်နှင့် သား ဖြစ်သူ တို့အား ပြန်လည် ဆက်သွယ် ခွင ရရှိရန် ကြိုးပမ်း ခဲ့သည့် အမျိုးသမီး အာကာ သ ယာဉ်မှူး တစ်ဦး အဖြစ် ခေါင်းဆောင် အဖြစ် ပါဝင် ထားကာ ယင်း ဇာတ်လမ်း တွဲကို ဝါရင့် ဒါရိုက် တာ ကြီး စတီဗင် စပီးလ် ဘတ်ခ် က ထုတ်လုပ် မှု ပိုင်း ဆိုင်ရာ စီမံ ခန့်ခွဲသူ တစ်ဦး အဖြစ် ဆောင်ရွက် မည် ဖြစ် သည်။ Extant သိပ္ပံ ဇာတ်လမ်း တွဲကို ဇူလိုင် ၉ ရက် တွင် စီဘီအက်စ် ရုပ်သံလိုင်း မှ ထုတ်လွှင့် ပြသ သွားရန် စီစဉ် ထားကြောင်း သိရ သည်။
True News
0 comments:
Post a Comment