Friday, June 20, 2014

ဘိန်း


လက်ရှိအချိန် မူးယစ်ဆေးဝါးပပျောက်ရေးလုပ်ငန်းများကို (၁၅) နှစ်စီမံကိန်းရေးဆွဲဆောင်ရွက်လျက်ရှိပြီး ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နယ်မြေခံတပ်၊ မူးယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့များနှင့် ဌာနဆိုင်ရာများပူးပေါင်းပြီး မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲသော ဆေးဝါးများအန္တရာယ်ကာကွယ်ရေးနှင့် နှိမ်နင်းရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဘိန်းပင်များ စိုက်ပျိုးဖြစ်ထွန်းသည့်နေရာ
မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ် သည် ပင်လယ်ရေမျက်နှာပြင် အထက်ပေ ၄၈ဝဝ ကျော်ကုန်းမြင့် ပိုင်းတွင်တည်ရှိကာ ဘိန်းပင်၏ သဘောတရားသည် ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့်ပေ ၃ဝဝဝ ကျော်မြင့်သည့်ဒေသများ၊ အစိုဓာတ်ထိမ်းနိုင်ပြီး အေးမြ သောရာသီဥတုရှိသည့် ရေမဝတ် သောဒေသများတွင် ပိုမိုဖြစ်ထွန်း ပြီး နံနက်ခင်းနေရောင်ခြည်ရရှိ သောတောင်စောင်းများနှင့်အနိမ့် ပိုင်းလျှိုများ၊ ကျောက်တုံးကျောက် ဆောင်များရှိသောနေရာဒေသများ တွင် စိုက်ပျိုးဖြစ်ထွန်းသောကြောင့် ရှမ်းပြည်နယ်သည် ဟိုးပဝေသဏီ တည်းက ယနေ့အချိန်အထိ ဘိန်း စိုက်ပျိုးမှုများစတင်လာခဲ့ကြောင်း မူးယစ်ဆေးဝါးနှိမ်နင်းရေးနှင့် စိုက် ပျိုးမှုလျော့နည်းကျဆင်းရေးစီမံ ချက်အစီရင်ခံစာတွင်တွေရသည်။
တောင်သူများစိုက်ပျိုးရခြင်း ရည်ရွယ်ချက်
ရှမ်းပြည်နယ်အတွင်း ဘိန်း စိုက်ပျိုးသော တိုင်းရင်းသားများ သည် (၁)စားဝန်နေရေးအခက် အခဲရှိသဖြင့် ဘိန်းစိုက်ပျိုးခြင်း နှင့် (၂)စားဝတ်နေရေးပြည့်စုံသော် လည်း ငွေရလိုမှုကြောင့် ဘိန်းစိုက် ပျိုးခြင်းစသော အချက်နှစ်ချက် ကြောင့် ဘိန်းစိုက်ပျိုးခြင်းဖြစ်ပြီး အများစုသည် ဘိန်းစိုက်ပျိုးရှင် သန်မှုလွယ်ကူပြီး ကာလတိုအတွင်း အခြားသီးနှံများထက် ဝင်ငွေပိုမိုရ လွယ်သဖြင့် စိုက်ပျိုးကြခြင်းဖြစ် ကြောင်း သိရသည်။
ဘာတွေလုပ်ပေးဖို့လိုမလဲ
''ဘိန်းစိုက်တောင်သူတွေအနေ နဲ့က တစ်နှစ်လုံးအတွက် ဒီဘိန်း အပေါ်မှာပဲမှီခိုအားထားနေရတာ သူတို့ရဲ့စားဝတ်နေရေး တစ်ဖက် တစ်လမ်းက မြှင့်ပေးမယ်ဆိုရင် တော့ စိုက်ပျိုးမှုလျော့သွားမှာပါ။သူတို့ရဲ့ လူနေမှုအလေ့အထတွေ ကိုတော့ ကျွန်တော်တို့အနေနဲ့မြှင့် တင်ပေးရမှာပေါ့။ သူတို့ကိုအသိ ပညာတွေပေးတာတို့ကို ထိထိ ရောက်ရောက် လုပ်ဆောင်နိုင်ရင် အောင်မြင်နိုင်ပါတယ်။ ခေါင်တဲ့ နေရာတွေမှာ ဘိန်းစိုက်တာကို တရားဥပဒေနဲ့မညီဘူးဆိုတာ မသိ တဲ့သူတွေရှိနိုင်ပါတယ်။ ဘေးက လူစိုက်နေတယ်ဆိုရင် ကျန်တဲ့သူ လဲ ဝိုင်းစိုက်နေတဲ့သဘောမျိုးမှာရှိ ပါတယ်''ဟု၎င်းကဆက်ပြောသည်။
စိုက်ပျိုးမှုအများဆုံးမြို့နယ်များ
ရှမ်းပြည်နယ်(တောင်ပိုင်း) အတွင်းပင်လောင်းမြို့နယ်၊လွိုင်လင် မြို့နယ်နှင့် တောင်ကြီးမြို့နယ်များ တွင် ၂ဝ၁၃ခုနှစ်အတွင်း ဘိန်းစိုက် ပျိုးမှုအများဆုံးတွေရပြီး သက်ဆိုင် ရာမှဖျက်ဆီးမှုနှင့် ဖမ်းဆီးရမိမှု အများ ဆုံးဖြစ်ကြောင်း သိရသည်။ပင်လောင်းမြို့နယ်တွင် မူးယစ် ဆေးဝါးနှိမ်နင်းရေးနှင့် ဘိန်းစိုက် ပျိုးမှုပပျောက်ရေးနှင့်ပတ်သက်၍ မြို့နယ်ရဲမှူး ဦးမြင့်သိန်းက ''ပင် လောင်းမြို့နယ်ရဲ့ရာသီဥတုနဲ့ အနေ အထားအရ ဘိန်းစိုက်ပျိုးဖြစ်ထွန်း တယ်ဆိုတာကိုတွေ့ရတယ်။ အများ စုကတော့ စားဝတ်နေရေးပညာ ရေးအတွက် ဘိန်းစိုက်ပျိုးတယ်ဆို ပေမယ့် တချို့ကတော့ ဒီအလုပ်က ငွေရလွယ်တော့ ဖျက်လမ်းနည်း အရငွေရှာတာကို တွေ့ရတယ်။ရဲတပ်ဖွဲ့ရဲ့ရည်မှန်းချက်(၄)ရပ်မှာ တတိယအချက်ဖြစ်တဲ့ မူးယစ်ဆေး ဝါးအန္တရာယ်တားဆီးကာကွယ်ရေး ဖြစ်တဲ့ အတွက်ကျွန်တော်တို့အနေ နဲ့ ကျေးရွာတွေသွားပြီး ဘိန်းစိုက် ပျိုးမှုနဲ့ပတ်သက်လို့ စနစ်တကျ တောင်သူတွေနားလည်အောင်ဟော
ပြောပွဲတွေလုပ်တယ်။ မူးယစ်ဆေး ဝါးဥပဒေမှာ အပြစ်ဒဏ်ကိုမြှင့် ထားတာရှိတယ်။ နှစ်အကန့်သတ် မရှိ၊ သေဒဏ်ဖြစ်ရင်ဖြစ်မယ်၊ မူး ယစ်ဆေးဝါးပပျောက်ဖို့ နိုင်ငံတော် ကနေ သတ်မှတ်ထားခြင်းဖြစ်ပါ တယ်။ သို့ပေမယ့် ဘိန်းစိုက်ပျိုးမှု ပပြောက်သလားဆိုတော့ မပပျောက် သေးပါဘူး။ ကျွန်တော်တို့ကလဲ လက်ရှိအနေအထားအရ ဖျက်ဆီး အရေးယူမှုတွေပြုလုပ်နေရတာပါ'' ဟုရှင်းပြသည်။

The Union Daily

0 comments:

Post a Comment