လေကြောင်းခရီးသွား ပြည်သူ များအဆင်ပြေစေရန် ရွှေမြန်မာ လေကြောင်းလိုင်းက ဒုတိယမြောက် ပြည်တွင်း လေကြောင်းလိုင်းသစ် ထပ်မံတိုးချဲ့ပျံသန်းပေးရန်အတွက် ATR- 72-600 (MSN-1156 XY- AJS) အမျိုးအစား လေယာဉ်သစ် တစ်စင်း ယနေ့ မွန်းလွဲ ၂ နာရီ မိနစ် ၅ဝ တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ထပ်မံဆိုက်ရောက်လာ ကြောင်း သိရသည်။
စတင်ပျံသန်းမည်
ယခု ထပ်မံရောက်ရှိလာသော ရွှေမြန်မာလေကြောင်းလိုင်းမှ ATR- 72-600 (MSN- 1156 XY- AJS) လေယာဉ်သည် ပြင်သစ်နိုင်ငံထုတ် ဖြစ်ပြီး Toulouse မြို့မှ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ တိုက်ရိုက် ပျံသန်းရောက်ရှိလာခြင်း ဖြစ်ကာ ခရီးသည် ၇၂ ဦး တင်ဆောင် ပျံသန်းနိုင်သော လေယာဉ်သစ် တစ်စင်းဖြစ်သည်။ ရွှေမြန်မာလေ ကြောင်းသည် ယင်းလေယာဉ်ကို မန္တလေး-နေပြည်တော်-ထားဝယ်- မြိတ်-ကော့သောင်း စသည့် မြန်မာ နိုင်ငံအောက်ပိုင်းရှိမြို့များသို့ လာမည့် ဇူလိုင်အလယ်ပိုင်းတွင် စတင်ပျံသန်း မည်ဖြစ်ကြောင်း သိရသည်။
''ကျွန်တော်တို့ ရွှေမြန်မာ လေကြောင်းလိုင်းအနေနဲ့ အခုထပ်မံ ရောက်ရှိလာတဲ့ ATR-72-600 (MSN- 1156 XY- AJS) လေယာဉ် ဟာ ပြည်တွင်းလေကြောင်းလိုင်း အသစ် ထပ်မံတိုးချဲ့ပျံသန်းဖို့အတွက် ဒုတိယလေယာဉ်သစ်တစ်စင်းအနေနဲ့
စာမျက်နှာ ၃ ကော်လံ ၄ ညည ကျောဖုံးမှ
ရောက်ရှိလာခြင်းဖြစ်ပါတယ်။ ပြည် တွင်းလေကြောင်းလိုင်းအနေနဲ့ အခု ထပ်မံတိုးချဲ့ ပျံသန်းပြေးဆွဲပေးမယ့် ခရီးစဉ်ကတော့ မန္တလေးကနေ နေပြည်တော်၊ အဲဒီကနေမှ အောက် မြန်မာပြည်ဖြစ်တဲ့ ထားဝယ်- မြိတ်- ကော့သောင်းစတဲ့ ခရီးစဉ်တွေကို ပြေးဆွဲပေးမှာဖြစ်ပါတယ်။
ကျွန်တော် တို့ ရွှေမြန်မာလေကြောင်းလိုင်း အနေနဲ့ကတော့ ပြည်သူကိုဗဟိုပြု ပြေးဆွဲပျံသန်းပေးနေတဲ့ လေကြောင်း လိုင်းအဖြစ် ခံယူထားသလို ပြည်တွင်း၊ ပြည်ပခရီးသွား ပြည်သူတွေအတွက် ဝန်ဆောင်ခ ခရီးစရိတ်ကိုလည်း အခြား လေကြောင်းလိုင်းတွေထက် သက်သာအောင် ပျံသန်းပြေးဆွဲပေး သွားမှာဖြစ်ပါတယ်'' ဟု ရွှေမြန်မာ လေကြောင်းလိုင်းမှ အထွေထွေမန် နေဂျာ ဦးအေးလွင်ကပြောကြားသည်။
ရွှေမြန်မာပြည်တွင်းလေကြောင်း လိုင်းသည် ၂ဝ၁၃ ခုနှစ်မှစ၍ Airbus-320 လေယာဉ်ဖြင့် ရန်ကုန်- မန္တလေး-ရန်ကုန် ခရီးစဉ်ကို နံနက် တစ်ကြိမ်၊ ညနေတစ်ကြိမ် နေ့စဉ် ပျံသန်းပြေးဆွဲပေးနေပြီး မန္တလေး- ရန်ကုန်-စင်ကာပူ-ရန်ကုန်-မန္တလေး ခရီးစဉ်ကိုလည်း တစ်နေ့တစ်ကြိမ် ပျံသန်းပြေးဆွဲပေးလျက်ရှိသည်။ ထို့ အပြင် ဇွန် ၃ ရက်မှစတင်၍ ပြီးခဲ့ သည့် မေလအတွင်းပိုင်းက ပြင်သစ် နိုင်ငံမှရောက်ရှိလာသည့် ATR- 72- 600 (MSN- 1148 XY- AJM) လေယာဉ်ဖြင့် မြန်မာနိုင်ငံအထက်ပိုင်း မန္တလေး-ညောင်ဦး-ဟဲဟိုး-ကျိုင်းတုံ- တာချီလိတ်-ဗန်းမော်-မြစ်ကြီးနား- ပူတာအို-လားရှိုးမြို့များသို့ နေ့စဉ် ပုံမှန်ပျံသန်းပြေးဆွဲပေးလျက်ရှိသည်။
ထို့အပြင် ရွှေမြန်မာ လေကြောင်း လိုင်းသည် မန္တလေးမြို့မှ အင်ဖာ-ချင်း မိုင်-ကူမင်းမြို့များသို့လည်း မကြာမီ ကာလအတွင်း Charter Flight ငါ့အ ပျံသန်းပြေးဆွဲပေးရန် စီစဉ်လျက်ရှိ ကြောင်း သိရသည်။
(မြန်မာ့အလင်း)
0 comments:
Post a Comment