Friday, June 27, 2014

မိုးတွင်းနဲ့ လိုက်ဖက်သင့်တော်တဲ့ ဆံပင်အပြင်အဆင်များ

မိုးတွင်းရောက်ပြီဆိုရင် အ၀တ်အစား၊ အသုံးအဆောင်ပိုင်းတစ်ချို့ကို ပြောင်းလဲဆင်မြန်းဖို့ စဉ်းစားရသလို ဆံပင်ပုံစံကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုပြီပေါ့။ မိုးရေတွေကြောင့် သွားရလာရခက်ခဲတဲ့အခါ ကိုယ့်ဆံပင်ပုံစံကြောင့်၊ ဒါမှမဟုတ် လည်ပင်း၊ ကုတ်နဲ့ ရှေ့ဆံပင်တွေက ရေနဲ့စိုကပ်ပြီး အဆင်မပြေ မဖြစ်စေဖို့ မိုးတွင်းနဲ့ လိုက်ဖက်သင့်တော်တဲ့ ဆံပင်အပြင်တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ နှစ်ဆင့်ထုံး ဆံထုံး အပြင်အဆင်
သင့်ဆံပင်ပုံစံက လှိုင်းတွန်းလေးတွေပါမယ်၊ ကောက်သားလည်းရှိနေမယ်ဆိုရင် ခုလို ဆံထုံးသေးသေးလေးကို နှစ့်ဆင့်ထုံးလိုက်ပြီး မိုးစက်တွေကြား လှမ်းထွက်လိုက်ရုံပါပဲ။ ဒီလိုဆံပင်အပြင်အဆင်မျိုးက ရှားလည်းရှားသလို ထုံးဖွဲ့ကြည့် လိုက်ရင်လည်း အတော်လေးကို အထာကျပါတယ်။

၂။အပြောင်သိမ်း ဆံထုံး အပြင်အဆင်
ခုနောက်ပိုင်း ခေတ်စားလာတဲ့ ဆံထုံးပုံစံပါပဲ။ ဆံပင်အားလုံးကို အပြောင်စုသိမ်းပြီး ထိပ်မှာ ဆံထုံးထုံးထားတဲ့ ပုံပါပဲ။ ကိုယ့်ဆံထုံးက နည်းနည်း သေးနေမယ်ဆိုရင် ပုံထဲကလို ကြည့်ကောင်းစေဖို့ အလှအပပစ္စည်းတွေရောင်းတဲ့ စတိုးဆိုင်၊ စင်တာတွေမှာ ဆံထုံးအတုလေးတွေဝယ်ပြီး ခုနဆံထုံးလေးပေါ်မှာ ဖုံးအုပ်ပေးလိုက်ရုံပါပဲ။

၃။ပိုနီတေး ဆံကျစ်အဆန်း အပြင်အဆင်
ကိုယ်က ပိုနီတေး စည်းနေကျမို့ ဒီတစ်ခါတော့ ဆန်းဆန်းလေးဖြစ်အောင် ခုလို ကျစ်ဆံမြီးအထာ ထုံးဖွဲ့လိုက်ပြီး ပုံမှပြထားသလို ဆံပင်အောက်နားလေးကို ချထားလိုက်ပါ။ ကြည့်ရတာဆန်းပြီး ရာသီနဲ့လည်း လိုက်ဖက်လွန်းလှပါတယ်။

၎။Vintage စတိုင်လ် အပြင်အဆင်
ဟိုးအရင်တုန်းက ခေတ်စားခဲ့တဲ့ ဆံပင်အထုံးအဖွဲ့ အပြင်အဆင်တစ်ခုပါ။ ဆံပင်အားလုံးကို တခြမ်းစောင်းယူလိုက်ပြီး တစ်ဖက်မှာ ပြန်လိပ်ကာ ခုလို ကလစ်ထိုးပြီး ပြင်ဆင်လိုက်တာမျိုးပါ။

၅။Faux Updo အပြင်အဆင်


ကိုယ်က ဆံပင်မှာ ဖဲကြိုး၊ ဖဲပြားလေးတွေ၊ ဘီးကုတ်လေးတွေ တပ်တာကြိုက်တဲ့သူဆိုရင် ခုလို ဆံပင်ကို အလှဆင်လို့လည်း ရပါတယ်။ နောက်ပိုင်းကို အကုန်ဆံထုံးမထုံးချင်တာ ဆံပင်ကို နောက်ချထားလို့ရပါတယ်။

Ref:womenshealthmag.com

0 comments:

Post a Comment