Friday, June 20, 2014

အင်္ဂလန်အသင်းကို ကယ်တင်ပေးပါက ဗြိတိန်ဘုရင်မကြီး မိမိကို နမ်းစေလိုကြောင်း ဘာလော့တယ်လီ အရွှန်းဖောက်

အင်္ဂလန်၏ ကမ္ဘာ့ဖလား မျှော်လင့်ချက် ဆက်လက်ရှင်သန်စေရန် မိမိကူညီမည်ရဆိုပါက ဗြိတိန်ဘုရင်မကြီးက မိမိကို နမ်းစေလိုကြောင်း မာရီယို ဘာလော့တယ်လီက အရွှန်းဖောက် ပြောကြားခဲ့သည်။

အင်္ဂလန်သည် အုပ်စု(D) ဒုတိယပွဲစဉ်တွင် ဥရုဂွေးအသင်းကို (၂-၁)ဖြင့် အရေးနိမ့်ခဲ့သည့်နောက် ရှုံးထွက်အဆင့်သို့ တက်ရောက်ရန် အလွန်ခက်ခဲသွားပြီ ဖြစ်သည်။ (၂)ပွဲကစား၊ (၂)ပွဲရှုံးထားသည့် အင်္ဂလန်သည် အီတလီ၏ လက်ကျန်(၂)ပွဲလုံး အနိုင်ရရှိပြီး ကိုယ်တိုင်ကလည်း ကော်စတာရီကာကို အုပ်စုနောက်ဆုံးပွဲစဉ်တွင် သွင်းဂိုးများများဖြင့် အနိုင်ရမှသာ နောက်တစ်ဆင့်တက်ခွင့် မျှော်လင့်နိုင်တော့မည် ဖြစ်သည်။


ဇွန်(၂၀)ရက် ညပိုင်းတွင် ကော်စတာရီကာ အသင်းနှင့် ယှဉ်ပြိုင်ရန် ပြင်ဆင်နေသည့် အီတလီ အသင်း၏ တိုက်စစ်မှူး ဘာလော့တယ်လီက မိမိအနေဖြင့် အင်္ဂလန်အသင်း ကမ္ဘာ့ဖလားတွင် ဆက်ရှိနေရေး မျှော်လင့်နိုင်အောင် ကူညီလိုပြီး ယင်းအတွက် ဘုရင်မကြီးထံမှ ရက်ရောသော လက်ဆောင်ကို ပြန်လည် ရရှိလိုကြောင်း ကျီစယ်ခဲ့ခြင်း ဖြစ်သည်။

“တကယ်လို့ ကျွန်တော်တို့အသင်း ကော်စတာရီကာကို နိုင်ခဲ့မယ် ဆိုရင် အနမ်းတစ်ခုကို ကျွန်တော် လက်ဆောင်လိုချင်တယ်။ ပါးပေါ်မှာပါ။ ဗြိတိန်ဘုရင်မကြီးဆီကပါ”ဟု အေစီမီလန် တိုက်စစ်မှူးက Twitter ပေါ်တွင် ရေးသားခဲ့သည်။

အင်္ဂလန်က ဥရုဂွေးကို အရေးနိမ့်ပြီး မိနစ်အနည်းငယ်မျှ အကြာတွင် ဘာလော့တယ်လီက Followerပေါင်း (၂.၃၆)သန်း ရှိနေသည့် ၎င်း၏ Twitter စာမျက်နှာပေါ်တွင် ယင်းကဲ့သို့ နောက်ပြောင်ခဲ့ခြင်း ဖြစ်သည်။ ဘာလော့တယ်လီသည် အီတလီအသင်းက အင်္ဂလန်ကို အနိုင်ရခဲ့ချိန်၌ အသင်းအတွက် ဒုတိယဂိုး သွင်းယူခဲ့သူလည်း ဖြစ်သည်။

_Ref: Channelnewsasia

0 comments:

Post a Comment