Monday, June 9, 2014

ကြိုက်နှစ်သက်ရာပါတီနိုင်ငံရေးလုပ်ခွင့်ပေးမည့် အနာဂတ်ခေါင်းဆောင်ကောင်းများပညာသင်ဆု ထူးဖောင်ဒေးရှင်းပေးမည်

9.6.2014


ထူးဖောင်ဒေးရှင်းဥက္ကဋ္ဌအနေ ဖြင့် ပညာသင်ဆုပေးအပ်ကာ အနာဂတ်ကာလတိုင်းပြည်အတွက် ပညာတော်သင်သွားမည့် ကျောင်း သားကျောင်းသူများအတွက် ၄င်း တို့ကြိုက်နှစ်သက်ရာပါတီနိုင်ငံရေး လုပ်ခွင့်ကိုလွတ်လပ်စွာပေးမည်ဖြစ် သလို သဘောတူညီမှုအနေဖြင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်း များအတွက် အမှန်တကယ် စိတ် ရောကိုယ်ပါနှစ်ပြီး ကြိုးပမ်းဆောင် ရွက်ရန် တိုက်တွန်းပြီး အသေးစိတ် အစီအစဉ်များရေးကာ ထူးဖောင် ဒေးရှင်းအနေဖြင့် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးတေဇထံမှ သိရသည်။

၂ဝ၁၃-၂ဝ၁၄ ပညာသင်နှစ် အတွင်း တက္ကသိုလ်ဝင်တန်းအောင် မြင်သူများအတွက်ထူးဖောင်ဒေးရှင်း အနေဖြင့် အထူးချွန်ဆုံးကျောင်း သားများ ရွေးချယ်လေ့ကျင့်ပြီး ကိုယ့်ဒေသကိုယ့်နယ်မြေအတွက် ဖြစ်ပေါ်လာစေရန် Scholarship အပြည့်အဝပေးကာ နိုင်ငံတကာ တက္ကသိုလ်များသို့ နိုင်ငံရေးသိပ္ပံ၊ ဥပဒေပြုပညာရပ်၊ စီးပွားရေး ပညာရပ်များကို သင်ကြားစေရန် ဆက်လက်စီစဉ်ထားကြောင်း သိရ သည်။

ထူးဖောင်ဒေးရှင်းဥက္ကဋ္ဌဦးတေဇ ကပြောကြားရာတွင်''မဝေးလှတဲ့ အနာဂတ်ကာလမှာတိုင်းပြည်ဖွံ့ဖြိုး တိုးတက်ဖို့အတွက် အုပ်ချုပ်ရေး ပိုင်းကအစ ကြိုးပမ်းဆောင်ရွက် နေကြပါတယ်။ သို့သော်နောင် ၁ဝ နှစ်၊ နှစ်ပေါင်း ၂ဝ မိမိတို့တိုင်း ပြည်အနာဂတ်ကာလပြင်ဆင်မှုတွေ ကို တိတိပပ မတွေ့ရသေးပါဘူး။ ဒီအတွက် မိမိရဲ့ ထူးဖောင်ဒေးရှင်း အနေနဲ့ အနာဂတ်အတွက်၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်စေဖို့ အတွက် တတ်စွမ်းရာတစ်ထောင့် တစ်နေရာမှ ကြိုးပမ်းအကောင် အထည်ဖော်ဆောင်လျက်ရှိနေပါ တယ်''ဟုပြောကြားသည်။

၎င်းအစီအစဉ်မှာ မြန်မာနိုင်ငံ အတွင်း ပြည်နယ်နှင့်တိုင်းဒေသ ကြီးများအလိုက် အထူးချွန်ဆုံး ကျောင်းသားငါးဦးစီရွေးချယ်ကာ သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများ ကို အကြောင်းကြားပြီး ဆက်လက် ဆောင်ရွက်ရန် University of New South Wales မှ Vice President Chancellor နှင့် ညှိနှိုင်းတိုင် ပင်မှုများကို အစီအစဉ်များဆက် လက်ရေးဆွဲလျက်ရှိကြောင်းသိရ သည်။

Union Daily

0 comments:

Post a Comment