Sunday, March 2, 2014

သူတို့၏ လတ်တလော အနုပညာ လှုပ်ရှားမှုများ



ဝတ်မှုံရွှေရည်

သမီးကတော့ အခု လတ်တလောမှာ ဒါရိုက်တာ ကိုပေါက်၊ မင်းသား ဇေရဲထက်နဲ့ ''အသက်သွင်း လိပ်ပြာ လေး၏ ရာဇဝင်''ဆိုတဲ့ကားလေး ရိုက်နေပါတယ်။ ကာရိုက်တာကတော့ ပထမပိုင်းမှာ အရမ်းခေတ်ဆန် တဲ့ ကောင်မလေး ပုံနဲ့ နောက်ပိုင်းမှာ ရိုးရိုးလေး ဖြစ်သွားတာပေါ့။ အဲလိုမျိုးလေးပါပဲ။ သမီးရဲ့ ပရိသတ်ကြီး အ တွက် အရာအားလုံးကို အကောင်းဆုံး ကြိုးစားသွားမှာပါ။

ရတနာမိုင်

မိုင်လေး အခုတလော နယ်မှာသီချင်းတွေ သွားဆိုဖြစ်တယ်။ အခုတော့ သင်္ကြန်အခွေလေး လုပ်နေတယ် ။ မတ်လမှာ CD ထွက်ဖို့ ပြင်ဆင်နေပါတယ်။ နာမည်ကိုတော့ Hello Music လို့ပေးထားတယ်။ ယုန်လေး၊ ကျော် ထွဋ်ဆွေ၊ ဆိုတေး၊ ကောင်းဆက်၊ ရတနာမိုင်၊ စန္ဒီမြင့်လွင်၊ မိစန္ဒီ၊ နန်းသူဇာနဲ့ ဆူဇီ တို့ ပါဝင် သီဆို ထားပါတယ်။ လက်တလော အနုပညာ လှုပ်ရှားမှုကတော့ အဲဒီအခွေလေးနဲ့ နယ်ရှိုးတွေ ဆိုဖြစ်နေပါ တယ်။

သက်သခင်

ညီမကတော့ အခုလတ်တလော ဓာတ်ပုံတွေ ရိုက်ဖြစ်နေပါတယ်။ ကားရိုက်တာကတော့ နည်းနည်းကျဲတယ် လေ။ အိမ်က အဖေကလည်း သဘောမတူလို့ပါ။ ဒါပေမဲ့ ညီမရဲ့ ပရိသတ်ကြီးအတွက် အကောင်းဆုံး ကြိုး စား သွားမှာ ပါ။

မြ၀တီ

0 comments:

Post a Comment