Sunday, March 2, 2014

ဖခင်က ဓားဖြင့်ခုတ်သဖြင့် သားဖြစ်သူ သေဆုံး

ဧရာဝတီတိုင်း ဒေသကြီး ညောင်တုန်းမြို့နယ် ဆင်ထုံးကျေးရွာ အုပ်စု ကျီးကန်းသိုက် ကျေးရွာ၌ ဖေဖော်ဝါရီ ၂၆ ရက် ညနေ ၄ နာရီတွင် ဖခင်က ဓားဖြင့် ခုတ်သဖြင့် သားဖြစ်သူ သေဆုံးမှု ဖြစ်ပွားကြောင်း သိရသည်။ ဖြစ်စဉ်မှာ ကျီးကန်းသိုက် ကျေးရွာအတွင်း နေထိုင်သော ဦးစိုးမောင် ၇၈ နှစ် (ဘ) ဦးအုန်းရွှေသည် နေအိမ်၌ ရှိနေစဉ် သားဖြစ်သူ ကျော်မင်း ၂၄ နှစ်က အရက်မူးပြီး ရမ်းကား ပြောဆိုကာ ဖခင်အား ဓားဖြင့်ပစ်ပေါက်ပြီး အရက်မူးသည့် အရှိန်ဖြင့်
လဲကျသွားရာ ဦးစိုးမောင်က ဒေါသဖြစ်ပြီး ၎င်းပစ်လိုက်သော ဓားအား ကောက်ယူ၍ သားဖြစ်သူ ကျော်မင်းအား ခုတ်လိုက်ရာ လည်ပင်းတွင် ပြတ်ရှဒဏ်ရာ ရရှိ သေဆုံးသွားသဖြင့် ညောင်တုန်း မြို့မရဲစခန်းမှ (ပ) ၁၈/၂ဝ၁၄၊ ပုဒ်မ-၃ဝ၂ ဖြင့် ဦးစိုးမောင်အား အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မြ၀တီ

0 comments:

Post a Comment