
အာဂျင်တီးနားစုံတွဲတစ်တွဲဖြစ်တဲ့ ဂါဘရီလာ နဲ့ ဗစ်တာ ပီရောတာ တို့ ဟာ ခန္ဓာကိုယ်ရဲ့ လေးပုံသုံးပုံ ကျော်ကို တက်တူးထိုးထားသလို ခန္ဓာကိုယ်အလှဆင်မှု ၇၇ ခုကိုလည်း ပြုလုပ် ထားကြပါတယ်။

သူတို့ စုံတွဲဟာ ကမ္ဘာ့တက်တူးအများဆုံးစုံတွဲအဖြစ် ဂင်းနစ်စံချိန်ဝင်ခဲ့သလို ခန္ဓာ ကိုယ်ပြောင်းလဲမှုအများဆုံးပြုလုပ်ထားတဲ့စုံတွဲအဖြစ် ပါ သတ်မှတ်ခံခဲ့ရပါတယ်။ နားပေါက်ချဲ့ မှု၊ လျှာနှစ်ခွဖြစ်အောင်ခွဲစိတ်မှု၊ အရေပြားထိုးဖောက်အလှဆင်မှု၊ ခန္ဓာကိုယ်ခွဲ စိတ်ပြောင်း လဲမှု စတဲ့ ခန္ဓာကိုယ်အလှဆင်မှု ၇၇ ခုကျော်ကို ပြုလုပ်ထားပြီး တစ်ကိုယ်လုံးမှာ ဖောက်ထွင်း ထားတဲ့ အပေါက်ပေါင်း ၅၀ ကျော် ရှိပါတယ်။

ဗစ်တာ ရဲ့ ခန္ဓာကိုယ် ၉၀ ရာခိုင်နှုန်းကို တက်တူးထိုးထားပြီး ဂါဘရီလာ ရဲ့ ခန္ဓာကိုယ် ၆၅ ရာခိုင်နှုန်း ကို တက်တူးနဲ့ အလှဆင်ထားတာပါ။ ဒီ အာဂျင်တီးနားစုံတွဲကို ခန္ဓာကိုယ်ပြုပြင်ပြောင်းလဲမှုအများဆုံး ပြုလုပ်ထားတဲ့ စုံတွဲအဖြစ် ဂင်းနစ်စ်ကမ္ဘာ့ စံချိန် မှတ်တမ်းမှာ ဖေဖော်ဝါရီ ၁၄ ရက်၊ ဗယ်လင်တိုင်းနေ့ က ထည့်သွင်းခဲ့တာပါ။
အသက် ၄၂ နှစ်အရွယ် ဂါဘရီလာနဲ့ ၄၃ နှစ်အရွယ် ဗစ်တာ တို့ ဟာ အတူ လက်ထပ်ပေါင်း သင်းနေထိုင်ခဲ့တာ ၁၃ နှစ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်ပြီး တစ်ယောက်ပေါ် တစ်ယောက် အရမ်းချစ်ကြတယ်လို့ ဆိုပါတယ်။
ဗစ်တာ ဟာ အသက် ၁၃ နှစ်အရွယ် မှာ F*** ဆိုတဲ့ စကားလုံးကို လက်ချောင်းတွေမှာ ပထမ ဆုံးရေးထိုးခဲ့ပြီး ဂါဘရီလာ က နှင်းဆီနီတစ်ပွင့်ပုံကို သူမရဲ့ ရင်ဘတ်မှာ စတင်ရေးထိုး ခဲ့တယ်လို့ ဆိုပါတယ်။
0 comments:
Post a Comment