Sunday, February 16, 2014

နျူကလီးယား ထိပ်ဖူး သယ်ဆောင်နိုင်သော Agni-IV ဒုံးကျည် အိန္ဒိယ စမ်းသပ် ပစ်လွှတ်


အိန္ဒိယနိုင်ငံသည် နျူကလီးယား ထိပ်ဖူး သယ်ဆောင်နိုင်စွမ်းရှိပြီး အကွာအဝေး ကီလိုမီတာ ၄ဝဝဝ (မိုင် ၂၅ဝဝ)ခန့် အထိ ရောက်ရှိပစ်ခတ်နိုင်သောမဟာဗျူဟာမြောက် Agni-IV ဒုံးကျည် ကို ဇန်နဝါရီ ၂ဝ ရက် ဒေသစံတော်ချိန် နံနက် ၁ဝ နာရီ ၅၂ မိနစ်ခန့်တွင် သြရိဿ ကမ်းလွန်ရှိ ဘက်စုံ စမ်းသပ်ပစ်လွှတ်ရေး ကွင်းတစ်ကွင်းမှ အောင် မြင်စွာ စမ်းသပ် ပစ်လွှတ်ခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။

အဆိုပါဒုံးကျည်တွင် ယုံကြည်စိတ်ချရသည့် မြန်နှုန်းမြင့် ဆက်သွယ်ရေး စနစ်နှင့် ဒစ်ဂျစ်တယ် ထိန်းချုပ်မှုစနစ် အပြည့်အစုံ ပါဝင်သည့် စွမ်းဆောင်ရည် မြင့်မားသော ကွန်ပျူ တာတစ်လုံး တပ်ဆင်ထားပြီး ၎င်းကွန်ပျူတာသည် ဒုံးကျည်အား ပစ်မှတ်သို့ ထိမှန်စေရေး ပဲ့ထိန်းပေးကြောင်း ကာကွယ်ရေး ဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုး တိုးတက်မှု အဖွဲ့(DRDO) တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါ ဒုံးကျည်သည် အလေးချိန် ပေါ့ပါး သည့် ခေတ်မီဒုံးကျည် ဖြစ်ပြီး လောင်စာခဲသုံး တွန်းကန်မှု အဆင့်နှစ်ဆင့် ပါရှိပြီး ယခုစမ်းသပ် ပစ်လွှတ်မှုသည် တတိယ အကြိမ်မြောက် ဖြစ်ကြောင်း သိရသည်။

မြ၀တီ

0 comments:

Post a Comment